




သက်တံ့
၂၂. ၉. ၂၀၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ ကွန်ပျူတာမိတ္တူဆိုင်တစ်ဆိုင်တွင် စက်တင်ဘာ ၂၁ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားရာမှ အမျိုးသမီး ၃ ဦး မီးလောင် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာ ၂၁ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်အချိန် ကမ္ဘာ့ရတနာဘဏ်နှင့် အင်ပါယာစားသောက်ဆိုင်ကြားရှိ Apple ကွန်ပျူတာမိတ္တူဆိုင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပရဟိတအဖွဲ့များ ဝိုင်းဝန်းကူညီငြှိမ်းသတ်ရာ ည ၁၀ နာရီ ၄၅ မိနစ်အချိန် မီးငြိမ်းခဲ့ပြီးနောက် ကွန်ပျူတာမိတ္တူဆိုင်မှ ဝန်ထမ်းအမျိုးသမီးသုံးဦး၏ အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနနှင့် ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။
သေဆုံးသူသုံးဦး၏ ရုပ်အလောင်းများကို ပုညကုသလလူမှုကူညီရေးအသင်းနှင့် ကရုဏာ လူမှုကူညီရေးအသင်းတို့က ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး မီးလောင်မှု ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် သေဆုံးသူများ၏ ဖြစ်စဥ်အပေါ် တာဝန်ရှိသူများက ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
