



၂၂.၉.၂၀၂၆
Written by Linn Eain
မလေးရှားနိုင်ငံ၊ Tanah Merah camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၏ စက်တင်ဘာ ၂၂ ရက် အသိပေးထုတ်ပြန်မှုအရ သိရသည်။
မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Tanah Merah camp မှ မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် မြန်မာ့လေကြောင်းအမှတ်စဉ်၊ 8M-502 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး ကွာလာလမ်ပူမြို့မှမြန်မာသံရုံးက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် အမည်
စာရင်းများကို သက်ဆိုင်သူ မိသားစုဝင်များ သိရှိနိုင်ရန်အတွက် မြန်မာသံရုံးက တစ်ပါတည်း အသိပေးဖော်ပြထားသည်။
မလေးရှားနိုင်ငံ၊ ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများကိစ္စကို သက်ဆိုင်ရာ မိသားစုဝင်များထံသို့ တာဝန်ရှိသူမဟုတ်သောသူများက ငွေကြေးလိမ်လည်တောင်းခံသည့် ဖြစ်စဉ်များအား ကာယကံရှင်များထံမှ ပြန်လည်သိရှိရသဖြင့်၊ သက်ဆိုင်ရာ မိသားစုဝင်များနှင့် နီးစပ်ရာ အသိုက်အဝန်းများအနေဖြင့် သတိထားဆောင်ရွက်နိုင်ရန်အတွက် အသိပေးကြေညာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာ ၁၅ ရက်ကလည်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Tanah Merah Camp မှ မြန်မာနိုင်ငံသား ၇၅ ဦးကို မြန်မာ့လေကြောင်းအမှတ်စဉ်၊ 8M-502 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
