၂၁.၉.၂၀၂၆
Written By Thandar
ဘဝရဲ့အခက်အခဲတွေနဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာအကြောင်းကို ရိုက်ကူးထားတဲ့ “နွယ်ပေမယ့် မရစ်တွယ်” Mini Series ကို ယနေ့ စက်တင်ဘာ ၂၁ ရက်မှာ ShowLike App က ထုတ်လွှင့်နေလျက်ရှိပါတယ်။
“ဒါရိုက်တာ ကိုရဲနောင်ဇာတ်လေးက အပြင်က ဘဝတွေနဲ့ ဆက်စပ်တဲ့ ဇာတ်လေးပါ။ ဒါကြောင့်လည်း လက်ခံရိုက်ကူးခဲ့တာပါ။ ကျွန်တော့်အနေနဲ့ နွယ်ပေမယ့် မရစ်တွယ် ဇာတ်လမ်းတွဲမှာ ကာရိုက်တာနာမည်က ယဉ်နွယ်တဲ့။ သာမာန်ဝန်ထမ်းကောင်မလေးနေရာက မြင်တွေ့ရမှာပါ။ မိသားစုကြားမှာ ထုတ်မပြောဖြစ်တဲ့ ချစ်ခြင်းမေတ္တာတွေ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့တွေ၊ ဘဝရဲ့ပျော်ရွှင်မှုအစစ်အမှန်တွေကို ဒီကားမှာ တကယ့်ကို လူသားဆန်တဲ့ ဇာတ်လေးပါ။ ယဉ်နွယ်လေးက လုပ်ကွက်လေးလည်း အပြည့်အဝရထားပါတယ်။ အဓိက Main ကာရိုက်တာ သုံးယောက်ပါပါတယ်။ ကိုရှိန်းတင်ထူး၊ ဒေါ်နီနီလှိုင်ရယ်၊ ကိုယ်ရယ်ပါမှာပါ။ သဘာဝနဲ့နီးစပ်တဲ့ ကာရိုက်တာအသစ် တစ်ခုနေရာက မြင်တွေ့ရမှာပါ”လို့ သရုပ်ဆောင် ဆုထက်က ပြောပါတယ်။
အဆိုပါဇာတ်ကားကို ဇာတ်လမ်း တီနို(TENO)၊ ဇာတ်ညွှန်း Eric Linn၊ ဒါရိုက်တာ ရဲနောင်က သရုပ်ဆောင်တွေဖြစ်တဲ့ ရှိန်းတင်ထူး၊ ဆုထက်၊ ဂွမ်းပုံကြီး၊ ဇင်မျိုး၊ ထွန်းပုလဲရတနာ၊ အင်ကြင်းဖူး၊ အိမ့်ကြာဖြူစတဲ့ သူတွေနဲ့ ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။
“ကျွန်တော့်အနေနဲ့ တကယ်တော့ အနုပညာလောကမှာ လျှောက်လှမ်းလာတာကတော့ ဆယ်နှစ်ကျော်ပါပြီ။ တချို့မသိကြတာပါ။ ကောင်မလေး တက်လာတာမြန်တယ် ပြောကြတာလည်းရှိပါတယ်။ အနုပညာဘက်မှာ ဆွေမျိုးလည်းမရှိတော့လေ တော်တော်ခက်ခဲခဲ့ပါတယ်။ ဒီကားလေး ထုတ်လွှင့်ရင်လည်း အားပေးကြည့်ရှုဝေဖန်ပေးပါဦးလို့ ပြောချင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။
#ဆုထက် #SuHtet #SheinTinHtoo #ရှိန်းတင်ထူး #ထွန်းပုလဲရတနာ #နွယ်ပေမယ့်မရစ်တွယ် #ShowLike #MinISeries #MyanmarActress
