၂၁.၉.၂၀၂၆
Written By Thandar
Rotary Club of Metro Yangon (RCMY) က စီစဉ်ပြီး မိဘတွေရဲ့ရင်သွေး ကလေးငယ်တွေအတွက် အနာဂတ်ပညာရေးခရီးလမ်းအိပ်မက်တွေကို ပုံဖော်ပေးနိုင်တဲ့ Shaping The Future Through Education 2026 အခမဲ့ပညာရေးဆွေးနွေးပွဲကြီးကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ Novotel Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
“ဒီပွဲကြီးကနေ Awareness ကဆိုရင် ဒီလို ကျောင်းတွေရှိတယ်။ ဒီလို သင်တန်းတွေကနေ နိုင်ငံအသီးသီးမှာ ဒီလို Scholarship တွေ လျှောက်ပြီးတော့ ပိုက်ဆံဆိုတဲ့အရာထက် ကိုယ့်ရဲ့အရည်အသွေးကို တန်ဖိုးတစ်ခုမြှင့်တင်ပေးပြီးတော့ ကိုယ် ဒီလိုနေရာရောက်အောင် လျှောက်လို့ရတယ်ဆိုတဲ့ အသိလေးကို ကျွန်တော်တို့က ပေးချင်တာပါ။ နောက်တစ်ခုက ဒီလိုပွဲတွေဟာ ကျွန်တော်တို့ စလုပ်ကတည်းက နောက်ထပ်ကျွန်တော်တို့ထက် တတ်ကဲ့သူတွေ၊ ကျွန်တော်တို့ထက် ပိုပြီးတော့ ကောင်းတဲ့ အစီအစဉ်တွေ အများကြီးရှိလာရင် ဒါ ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေအတွက် အခွင့်အလမ်း အများကြီး ရပါလိမ့်မယ်။ ကျွန်တော်တို့ ဆိုတာက တစ်ဦးတစ်ယောက်တည်းကို ရည်ရွယ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီနေ့ပွဲက ကျောင်းသားကိုလည်း ရည်ရွယ်တာ မဟုတ်ဘူး၊ မိဘကိုလည်း ရည်ရွယ်တာမဟုတ်ဘူး။ ကျွန်တော်တို့ ဒီ Stakeholder တွေ အားလုံးမှာ ကျောင်းသား၊ မိဘ၊ ဆရာနော် ဒီ ကျောင်းပိုင်ရှင်တွေ၊ ထို့အတူပဲ Community ပါ။ ကျွန်တော်တို့က ဒီလူမှုအသိုင်းအဝိုင်းမှာ ဒီကလေးတွေနေတဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကလည်း ဒီကလေးတွေရဲ့ ပညာရေးကို ပံ့ပိုးလို့ ရပါတယ်။ ဒါ နိုင်ငံရေးဆိုတာက ဟို ကြည့်လိုက်ရင်တော့ သေးသေးလေးပါ။ ဒါပေမဲ့ ဒီနိုင်ငံ တိုးတက်ဖို့ဆိုတာ ဒီနိုင်ငံမှာနေတဲ့သူတွေ အကုန်လုံးသည် တိုးတက်နေမှ၊ ပညာရေးတစ်ခု အတန်းပညာဖြစ်ဖြစ်၊ အသက်မွေးဝမ်းကျောင်းပညာဖြစ်ဖြစ် ပညာတစ်ခုခုကိုတတ်နေမှ ကျွန်တော်တို့ ပတ်ဝန်းကျင်တစ်ခုက ပိုပြီးတော့ကောင်းလာမယ်။ ပတ်ဝန်းကျင်ကောင်းမှလည်း ကျွန်တော်တို့ နိုင်ငံက ကောင်းလာမယ်။ ကျွန်တော်တို့က အဲဒီအပြင်လည်း ဒီကလေးတွေမှာ မပြီးသေးဘူး၊ ပညာရေးဆိုတဲ့ဟာက အတန်းပညာမပြီးသေးဘူး၊ အသိပညာ၊ အသက်မွေးဝမ်းကျောင်းပညာ ခုနက ပြောသလို ပညာတွေ ပါပါတယ်။ Vocational ပေါ့နော်။ ဒါက ကျွန်တော်တို့အသက်မွေးဝမ်းကျောင်းပညာပါ။ အခု ဒီနေ့ပွဲမှာဆိုရင်လည်း ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်းပညာရှင်တွေကို ကျွန်တော်တို့ ဖိတ်ခေါ်ထားပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က ကျောင်းသားကျောင်းသူ လူငယ်တင်မကပါဘူး၊ ဒါ အသက်အရွယ်ကြီးကြီး၊ အသက်အရွယ်ငယ်ငယ်၊ ပညာရေးပဲဖြစ်ဖြစ်၊ အသက်မွေးဝမ်းကျောင်းပဲဖြစ်ဖြစ် ပါဝင်ခဲ့သူတွေ အကုန်လုံး နားထောင်လို့ရပါတယ်။ ဒီအတွက်လည်း ပိုပြီးတော့ ကျွန်တော်တို့က ကျင်းပတာပါ”လို့ ဦးတိုးဝေဝင်း (Rotary Club of Metro Yangon-President)က MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမဲ့ပညာရေးဆွေးနွေးပွဲကြီးမှာ ဦးနေအုပ်စိန်ပေါ (Chair person, Private Schools Association)၊ Gracious Su (Founder & Principal, The Royal School, International Mon tessori Preschool)၊ Dr. Nang May Thin Nwe (Teacher Ivy) Founder & Academic Director, Ivy Education Group)၊ ဒေါက်တာ ဒေါ်ပို့ပို့ကြည်(Founder & Vice-Chancellor, Myanmar Imperial College)၊ Ma Mya Thandar Oo ( My Jobs Myanmar Group-Chairwoman) တို့က ကလေးတစ်ဦးရဲ့ ပညာရေးခရီးလမ်းအစမှာ အရေးပါတဲ့ မူကြိုပညာရေးကနေစတင်ပြီး မူလတန်းပညာရေးနဲ့ အခြေခံအုတ် မြစ်အကြောင်း၊ ဘာသာစကားနဲ့ အနာဂတ်လုပ်ငန်းခွင်အကြောင်း၊ အထက်တန်းကနေ တက္ကသိုလ်၊ ကောလိပ်ပညာ ရေးရည်မှန်းချက်တွေနဲ့ မိဘတွေသိသင့်တဲ့ ပညာရေးအတွက် ငွေကြေးစီမံခန့်ခွဲမှု စတဲ့အကြောင်း အရာတွေကို သက်ဆိုင်ရာပညာရှင်တွေက ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
#UToeWaiWin #ဦးတိုးဝေဝင်း #ShapingTheFuture #ThroughEducation #EducationMatters #ParentingForTheFuture #MyanmarEducation #RotaryClubOfMetroYangon
