MT News
၁. ၉. ၂၀၂၆
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၇၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သိရသည်။
ဖြစ်စဥ်မှာ ဩဂုတ်လ ၂၄ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဇော်ဇော်အောင် မောင်းနှင်ပြီး ပိုင်သူကျော်(ခ)ပိုင်သူ လိုက်ပါလာသည့် Nissan Diesel Dump အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၃၄ ဒသမ ၄ သိန်း(ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၇၂ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် မူးယစ်ဆေးများသယ်ဆောင်လာသူ ဇော်ဇော်အောင်(၅၅)နှစ် နှင့် ပိုင်သူကျော်(ခ)ပိုင်သူ(၃၁)နှစ်တို့အား ဖိုကုန်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
