၇.၈.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၈) ရပ်ကွက်ရှိ အေးသာယာဆည်ဘောင်ပေါ်တွင် သူငယ်ချင်း အချင်းချင်း ဓားဖြင့်ထိုးသတ်မှု သြဂုတ်လ ၅ ရက် ည ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဆည်ဘောင်ပေါ်တွင် စကားများရန်ဖြစ်ရာမှ ကိုဟိန်းသူအောင်ကို ရှိုင်းဝဏ္ဏအောင်(ခ)ဝဏ္ဏက ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ပြီး ဓားထိုးခံရသူ ကိုဟိန်းသူအောင်၏ ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့သဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ည ၁၁ နာရီခွဲတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ဓားထိုးမှုကျူးလွန်သူ ရှိုင်းဝဏ္ဏအောင် (ခ) ဝဏ္ဏကိုအား အေးသာယာမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၁၂) တွင် သြဂုတ်လ ၆ ရက် နံနက် ၄ နာရီကျော်က ဖမ်းမိခဲ့ကြောင်း သိရသည်။
သူငယ်ချင်းကို ဓားဖြင့်ထိုးသတ်သူ ရှိုင်းဝဏ္ဏအောင် (ခ) ဝဏ္ဏကိုအား အေးသာယာနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
