

MT News
၇. ၈ . ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာကျိုးပေါက်မှုနှင့် ဆက်စပ်ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ယနေ့ကြေညာသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ငဝန်တာကျိုးပေါက်မှုနှင့် ဆက်စပ်ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများကို အခမ်းအနားဖြင့် လက်ခံမည်ဖြစ်ပြီး ပြည်တွင်း/ပြည်ပ
စေတနာရှင်ပြည်သူများအနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)၊ နေပြည်တော်၊ ဖုန်းအမှတ်များ (၀၉၂၀၂၁၄၉၁၊ ၀၉၂၅၄၁၇၀၀၁၁၊ ၀၉၄၃၀၅၄၈၄၄၊ ၀၉-၄၂၀၇၀၃၆၄၇)၊ ဗဟိုသိုလှောင်ရုံ(ရန်ကုန်)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမှတ်(၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရန်ကုန်မြို့၊ ဖုန်းအမှတ်များ (၀၉၂၅၀၁၂၃၈၈၅၊ ၀၉၄၂၀၇၄၀၁၆၀) နှင့် ဗဟိုသိုလှောင်ရုံ(မန္တလေး)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ၆၅ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့ နယ်၊ မန္တလေး မြို့၊ ဖုန်းအမှတ်များ(၀၉၄၂၀၇၀၈၈၂၇၊ ၀၉၂၅၆၀၆၁၁၉၆ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်မည်ဖြစ်သည်။
လေးမျက်နှာရေဘေး လှူဒါန်းသူများအတွက် အခမ်းအနား ကျင်းပမည့်နေ့ရက်၊ နေရာ၊ အချိန်တို့ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်းလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ကြေညာထားသည်။
ဩဂုတ်လ ၄ ရက်နေ့ညနေပိုင်းအထိ ကောက်ယူရရှိသော အချက်အလက်များအရ ငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်မှ ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာ ၁၀၆ ရွာ၊ အိမ်ခြေ ၇,၇၃၄ လုံး၊ အိမ်ထောင်စု ၇,၈၅၈စု၊ လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်ခဲ့ပြီး လက်ရှိတွင် ကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ကာ ကူညီကယ်ဆယ်ပေးနေကြောင်း သိရသည်။
