၆.၈.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမှာ လူကြိုက်များထင်ရှားတဲ့ ထိုင်းခရီးသွား YouTuber လွှန်ဆိုလို (Hlun Solo) ဟာ ဂျော်ဂျီယာနိုင်ငံ၊ တီဘီလီစီမြို့က ဟိုတယ်အခန်းတစ်ခုမှာ ဇူလိုင်လ ၁၄ ရက်က သေဆုံးနေတာကို တွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ၆ ရက် နံနက်အစောပိုင်းမှာ ထိုင်းနိုင်ငံသို့ လေယာဉ်နဲ့ ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။
လွှန်ဆိုလိုရဲ့ရုပ်အလောင်းကို အစ္စတန်ဘူလ်မြို့ မှ တူရကီလေကြောင်းလိုင်း လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၅:၁၀ နာရီမှာ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကို လေယာဉ်က ဆင်းသက်ခဲ့ပါတယ်။
သူ့ရဲ့မိသားစုက ဂျော်ဂျီယာနိုင်ငံမှာ ဇူလိုင်လအတွင်းက လွှန်ဆိုလို သေဆုံးရခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ရင်ခွဲစစ်ဆေးမှုကို ပြုလုပ်ရန် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ဘန်ကောက်မှာ ရင်ခွဲစစ်ဆေးမှု ပြီးဆုံးပြီးနောက်မှာတော့ မိသားစုက ဈာပနအခမ်းအနားအတွက် ကာလာဆင်ပြည်နယ်၊ ဆွမ်ဒက်ခရိုင်သို့ ရုပ်အလောင်းကို သယ်ဆောင်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျေထိုင်း ယူပါကာနီတီကာဆက်က ပြောကြားခဲ့ပါတယ်။
လွှန် ဆိုလိုလို့ လူသိများတဲ့ အသက် ၂၇ နှစ်အရွယ် ဘိုဝန်သက် ပန်ဆပ်ကို ဇူလိုင်လ ၁၄ ရက်က ဂျော်ဂျီယာနိုင်ငံ တီဘီလီစီမှာ သေဆုံးလျက်တွေ့ခဲ့တာပါ။ သူဘယ်မှာရှိမလဲဆိုတာနဲ့ပတ်သက်လို့် သတင်းတွေကို မိသားစုက အများပြည်သူထံ ပန်ကြားပြီး နှစ်ရက်အကြာ ဇူလိုင်လ ၂၉ ရက်မှာတော့ ဂျော်ဂျီယာနိုင်ငံ ရဲတပ်ဖွဲ့က လွှန်ဆိုလို သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။
တစ်ကိုယ်တော် ဘတ်ဂျက်ခရီးသွားခြင်းမှာ သူ့ရဲ့ လူကြိုက်များတဲ့ ဆောင်းပါးတွေထဲမှ တစ်ခုအတွက် အချက်အလက်ပစ္စည်းတွေ စုဆောင်းဖို့ ကော့ကေးဆပ်စ်ဒေသ၊ ဂျော်ဂျီယာနိုင်ငံသို့ ရောက်ရှိပြီး မကြာမီ ဇူလိုင်လ ၁၃ ရက်မှစလို့ ဘိုဝန်သက် ပန်ဆပ် ထံမှ အဆက်အသွယ်မရတော့တာလို့ သူ့ရဲ့မိသားစုက ပြောကြားခဲ့ပါတယ်။
ဂျော်ဂျီယာနိုင်ငံ၊ ရဲတပ်ဖွဲ့က သူ့ရဲ့အလောင်းကို မြို့တော်တီဘီလီစီရှိ ဟိုတယ်အခန်းတစ်ခုမှာ တွေ့ရှိခဲ့ပြီး သေဆုံးမှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောပါတယ်။
ဂျော်ဂျီယာနိုင်ငံမှာရှိတဲ့ ထိုင်းရေးရာတွေကိုလည်း ကိုင်တွယ်တဲ့ တူရကီနိုင်ငံ၊ အန်ကာရာမြို့က ထိုင်းသံရုံးက လွှန် ဆိုလိုရဲ့ ရုပ်ကြွင်းတွေကို ပြန်လည်ပေးအပ်ရေး ညှိနှိုင်းဖို့ အရာရှိတွေကို တီဘီလီစီကို စေလွှတ်ခဲ့ပါတယ်။
သူသေဆုံးချိန်မှာ လွှန်ဆိုလိုဟာ Facebook မှာ Follower ၂ ဒသမ ၅ သန်းနဲ့ သူ့ရဲ့ YouTube Channel မှာ Subscriber ၉၅၀,၀၀၀ ရှိပြီး သြဂုတ်လ ၆ ရက်မှာတော့ Facebook Follower ၃ ဒသမ ၉ သန်းနဲ့ YouTube Channel မှာ Subscriber ၁ ဒသမ ၃ သန်းအထိ အသီးသီး တိုးလာခဲ့တယ်လို့ သိရပါတယ်။
Ref : Bangkok Post
