၂၆.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါး စုစုပေါင်း မြန်မာငွေ ၂၂၀၉၈၁၁ ဒသမ ၉၉၉ သန်း၊ အမေရိကန်ဒေါ်လာအနေဖြင့် ၆၀၃ သန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ယနေ့ ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့တွင် အမေရိကန်ဒေါ်လာ ၃၂၁ ဒသမ ၃၂ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မန္တလေးမြို့တွင် အမေရိကန်ဒေါ်လာ ၁၁၃ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် တောင်ကြီးမြို့တွင် အမေရိကန်ဒေါ်လာ ၁၆၈ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် မူးယစ်ဆေးဝါးအမျိုးအမည် စုစုပေါင်း ၃၁ ခု၊ ကာလပေါက်ဈေး စုစုပေါင်းတန်ဖိုး မြန်မာငွေ ၁၁၇၆၀၅၆ ဒသမ ၇၁၂ သန်း၊ အမေရိကန်ဒေါ်လာအနေဖြင့် ၃၂၁ ဒသမ ၃၂ သန်းခန့် တန်ဖိုးရှိ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့အတူ မန္တလေးမြို့တွင် မူးယစ်ဆေးဝါးအမျိုးအမည် စုစုပေါင်း ၉၃ ခု၊ ကာလပေါက်ဈေး စုစုပေါင်းတန်ဖိုး မြန်မာငွေ ၆၁၇၆၉၀ ဒသမ ၉၇၆ သန်း၊ အမေရိကန်ဒေါ်လာအနေဖြင့် ၁၁၃ ဒသမ ၆၇၈၇ သန်းခန့် တန်ဖိုးရှိ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ တောင်ကြီးမြို့တွင် မူးယစ်ဆေးဝါးအမျိုးအမည် စုစုပေါင်း ၂၇ ခု၊ ကာလပေါက်ဈေး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၁၆၀၆၄ ဒသမ ၃၁၁ သန်း၊ အမေရိကန်ဒေါ်လာအနေဖြင့် ၁၆၈ ဒသမ ၇၆၈၀ သန်းခန့် တန်ဖိုးရှိ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို အသီးသီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

