၂၅.၆.၂၀၂၆
Written By Thandar
ခေတ်မီတိုးတက်လာတာနဲ့အမျှ Digital Platform တွေကနေ ကြည့်ရှုခံစားနိုင်မယ့် Mahar နဲ့ Royal King Film Production တို့ MOU Signing Ceremony ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ ခုလိုမျိုး Social Platform တွေ ပူးပေါင်းပြီး ဇာတ်ကားတွေ၊ Music အပိုင်းတွေကို အကောင်းဆုံး ဖန်တီးတင်ဆက်ပေးနေတဲ့အပြင် တခြားသော ကဏ္ဍတွေကိုလည်း Mahar အနေနဲ့ ထပ်မံတင်ဆက်ပေးနေလျက်ရှိပါတယ်။ ကျွန်တော်တို့ Mahar က ယခင်က ပြည်တွင်းမှာတင် ကြည့်ရှုခံစားနိုင်အောင် စတင်ခဲ့သလို ခုဆိုရင် နိုင်ငံတကာ Platform တွေမှာလည်း ကြည့်ရှုခံစားနိုင်ဖို့ လုပ်ဆောင်ပေးထားတာလည်းဖြစ်ပါတယ်”လို့ Mahar က CEO ဦးဝင်းခိုင်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာ စတီးလ်၊ ဒါရိုက်တာ ထက်ကြီး (ပေါက်ကွဲသည်)၊ ဒါရိုက်တာ တင်အောင်ထွန်း၊ ထက်အောင်ရှိုင်း၊ အုပ်စိုးခန့်၊ ဘုန်းလျှံ၊ ကျော်ဇင်ထွဋ်၊ ညိမ်းသော်၊ ညီနန္ဒ၊ မင်းတော်ဝင်၊ နန်းခင်ဇေယျာ၊ ထွန်းပုလဲရတနာ၊ ထက်ထက်ထွန်း၊ ဆောင်းသီရိစံ၊ သင်းသဲဗိုလ်၊ Ella ရွှေစင်၊ ဟန်နီချို၊ စတဲ့သူတွေတက်ရောက်ခဲ့ကြပါတယ်။
မကြာခင် ထုတ်လွှင့်ပြသမယ့် ကျိန်စာသင့်နတ်သုဒ္ဓါ၊ အမုန်းမျက်ရည်၊ ရမ္မက်ကကြိုး၊ ကျွန်မချစ်သူ သူ့ယောက်ျား၊ အတိတ်ခါးခါး၊ တောင့်တအပ်သော သစ္စာ၊ ရင်ခွင်ပိုက် သူစိမ်း စတဲ့ ဇာတ်လမ်းတွဲ ၇ ကားကို Mahar Application ကနေ ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
ဆက်လက်ပြီး Mahar CEO ဦးဝင်းခိုင်၊ Royal King Film Production က CEO ဦးဇော်မင်းတို့က MOU Signing Ceremony လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
#MyanmarActor #ထက်အောင်ရှိုင်း #အုပ်စိုးခန့် #ဘုန်းလျှံ #ကျော်ဇင်ထွဋ် #ညိမ်းသော် #ညီနန္ဒ #မင်းတော်ဝင် #ထွန်းပုလဲရတနာ #ထက်ထက်ထွန်း #DigitalPlatform #Mahar #RoyalKing #MOU #SigningCeremony












