
၂၄.၆.၂၀၂၆
Written by Linn Eain
၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၂၈ ရက်၊ နံနက် ၆ နာရီတွင်ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇွန် ၂၄ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် အောင်စာရင်းထုတ်ပြန်မည့် ဇွန် ၂၈ ရက်၊ နံနက် ၄ နာရီအချိန်မှ စတင်၍ www.myanmarexam.org တွင် စာစစ်ဌာနအလိုက် အောင်စာရင်းဖိုင်များကိုလည်းကောင်း၊ result.dme.gov.mm တွင် ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေ ကြည့်ရှု၍လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုမှလည်း အောင်စာရင်းထွက်သည့်နေ့တွင် အသံလွှင့်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်း နံပါတ် ဝ၁-၆၅၃၅ဝ၉ သို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့် ၂၈-၆-၂ဝ၂၆ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။
