၂၄.၆.၂၀၂၆
Written By Thandar
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူကတော့ ပရိသတ်တွေ ဘဝအမောတွေပြေစေဖို့ ဟာသ ဇာတ်လမ်းပုံစံ “ဣတ္ထိမဲ့ဂေဟာ”ဇာတ်လမ်းတွဲမှာ မိန်းမတွေကိုမုန်းတဲ့ လူပျိုကြီး ကာရိုက်တာနဲ့ပါဝင်ထားတယ်လို့ ဆိုပါတယ်။
“ဣတ္ထိမဲ့ဂေဟာ”ဇာတ်လမ်းတွဲကိုတော့ ယနေ့ ဇွန်လ ၂၄ ရက်မှာ စတင်ပြီး Mahar Application နဲ့ Mahar Movie Channel လိုင်းက ညနေ ၆ နာရီမှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။
“ကျွန်တော်ကတော့ ဒီဣတ္ထိမဲ့ဂေဟာ ဇာတ်လမ်းတွဲမှာ မိန်းမတွေ မုန်းနေတဲ့သူတစ်ယောက်ပေါ့နော်။ မိန်းမတွေ ကင်းစင်နေတဲ့ နယ်မြေ ဣတ္ထိမဲ့ဂေဟာကို တည်ထောင်ထားတဲ့သူပေါ့။ ဒီဂေဟာဆိုရင် ယောက်ျားတွေပဲ နေထိုင်ကြတဲ့ပုံစံ ဟာသဇာတ်လမ်းလေး ရိုက်ကူးထားတာပါ။ မိန်းမတွေကို ဘယ်လို Lesson တွေပေးလဲဆိုတာလေးတွေပါပါတယ်။ ဒီကားက ပရိသတ်တွေ မွန်းကြပ်တာတွေ ပြေပျောက်စေဖို့ ရည်ရွယ်ရိုက်ကူးခဲ့ကြတာပါ။ ဒီနေ့ကစပြီး Free ပြသနေပြီမို့ ကြည့်ရှုအားပေးကြပါဦး” လို့ အကယ်ဒမီ ခန့်စည်သူက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို Mahar Application နဲ့ Bo Bo Film Production ပူးပေါင်းပြီး ဇာတ်ညွှန်း ညီအောင်ညီနဲ့ အေးမြတ်ချိုတို့ရေးသားတဲ့ ဒီဇာတ်လမ်းကို ဒါရိုက်တာ အိ(အရုဏ်ဦး)၊ တွဲဖက်ဒါရိုက်တာဆူးခက်မင်းတို့က ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီခန့်စည်သူ၊ ကောင်းမြတ်စံ၊ ဘုန်းရှိန်ခန့်၊ ဟိန်းသစ်စ၊ ထွန်းပုလဲရတနာ၊ အဲဝေသာ၊ ချယ်ချယ်၊ သဒ္ဒါနန်းထိုက်၊ မေသရဝဏ်၊ သွန်းကြယ်စင်၊ ကျော့ကျော့၊ သော်တာလှိုင်ထွန်း၊ အကယ်ဒမီ ဝါဝါအောင်၊ မုဒြာ၊ ဝါဝါမေမောင်၊ မာယုသာ၊ ဟန်လေး၊ သူဇာပွင့်၊ အင်ကြင်း၊ ယဉ်မင်းပိုက်၊ သွက်လက်၊ ဈာန်ဟိန်းစတဲ့သူတွေ ပါဝင်ထားကြပါတယ်။
#ခန့်စည်သူ #ကောင်းမြတ်စံ #ဘုန်းရှိန်ခန့် #ဟန်းသစ်စ #ထွန်းပုလဲရတနာ #အဲဝေသာ #ချယ်ချယ် #KhantSiThu #KaungMyatSan #HtunPalalYadanar #HeinThitSa #မဟာနဲ့ဆိုဇိမ်ပဲ #ဣတ္ထိမဲ့ဂေဟာ #mahar #maharapplication




