◾ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ
MT News
၁၂.၆.၂၀၂၆





ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက် ဂါရဝပြု တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတက လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံမှ လှိုက်လှဲနွေးထွေးစွာဖြင့်ကြိုဆိုပါကြောင်း၊ မိမိ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ပြီး နောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိမ်နီးနားချင်းနိုင်ငံများမှ အထူးကိုယ်စားလှယ်များနှင့် နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် ယခုကဲ့သို့ တရားဝင်ခရီးစဉ်များ လာရောက် တွေ့ဆုံခြင်းသည်လည်း မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲတိုးတက်မှု အခြေအနေများအပေါ်တွင် အပြည့်အဝနားလည်ပြီး မြန်မာနှင့်အာဆီယံ ဆက်ဆံရေး ပိုမိုတိုး ကောင်းမွန်တိုးတက်အောင်ဆောင်ရွက်ရန် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေး လာရောက်ခြင်းဖြစ်သည်ဟု မိမိအနေဖြင့် နားလည်သဘောပေါက်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်သူများ၏ရွေးချယ်မှု၊ လွှတ်တော်စင်မြင့်တွင် စနစ်တကျ ရွေးကောက်တင်မြှောက်မှုများဖြင့် ဖြစ်ပေါ်လာသည့် ရွေးကောက်ခံအစိုးရတစ်ရပ် ဖြစ်ကြောင်း၊ သို့ဖြစ်၍အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံရေး အစိုးရအပေါ် ထောက်ခံမဲပေးခဲ့ကြသည့် ပြည်သူများ၏ဆန္ဒနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒအပေါ် မျက်ကွယ်မပြုကြရန်လိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စတင်တာဝန်ယူစဉ်ကတည်းကပင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပြီး ၅ နှစ်တာကာလအတွင်း ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားလိုကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးရရှိမှသာလျင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မည်ကို ကောင်းစွာ နားလည်လက်ခံထားကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အပြင် မိမိ၏သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှုအခမ်းအနားတွင် လာအိုနိုင်ငံမှ အထူးကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးခဲ့မှုနှင့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရမှု အပေါ် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတက ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့မှုအတွက်လည်း ကျေးဇူးတင်ရှိကြောင်း၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အိမ်နီးနားချင်းကောင်း မိတ်ဆွေရင်းနိုင်ငံ၊ ယုံကြည်စိတ်ချရသည့် ညီအစ်ကိုနိုင်ငံများ ဖြစ်ကြကြောင်း၊ ထို့ကြောင့် အဆွေတော်၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးအတွက် များစွာအထောက်အကူပြုသည့် ခရီးစဉ်တစ်ခု ဖြစ်ကြောင်းဖြင့် ဆက်လက် ပြောကြားသည်။
ယင်းနောက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားရာတွင် မိမိဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယခုကဲ့သို့အချိန်ပေး၍ ဂါရဝပြုတွေ့ဆုံခွင့်ပေးသည်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့ ခရီးစဉ်လာရောက်နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ဆက်ဆံရေးကို ပိုမိုအကျိုးသက် ရောက်မှုများရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့သမ္မတကြီးအနေဖြင့် အဆွေတော်သမ္မတကြီးကို နှုတ်ခွန်းဆက်စကား ပါးလိုက်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း နိုင်ငံများဖြစ်ကြပြီး ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများ တူညီကာ နှစ်ပေါင်း ၇၀ ကျော် ကာလရှည်ကြာသည့်တိုင်အောင် ချစ်ကြည်ရင်းနှီးကြသည့် နိုင်ငံများပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် အဆွေတော်အနေဖြင့် သမ္မတအဖြစ် ရွေးကောက်ခံရမှုအပေါ်တွင်လည်း များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့လာအိုနိုင်ငံသမ္မတကြီးမှ အဆွေတော် သမ္မတကြီးအား လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် လာရောက်နိုင်ရေးအတွက် ဖိတ်ကြားလွှာကိုလည်း လက်ရောက်ပေးအပ်လိုပါကြောင်းနှင့် အဆိုပါခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အာဆီယံနိုင်ငံများအကြား အချင်းချင်းဆက်ဆံမှုတို့ကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ ရွေးကောက်ခံအစိုးရ၏ နိုင်ငံတော် တာဝန် ထမ်းဆောင်နေမှုအပေါ် မားမားမတ်မတ်ရပ်တည် ထောက်ခံလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ တရားဝင်ခရီးစဉ် လာရောက်ခဲ့ရမှုအပေါ်တွင်လည်း များစွာဝမ်းမြောက် ဂုဏ်ယူမိပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ယင်းနောက် နှစ်နိုင်ငံအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ကောင်းမွန်တိုးတက်လျက်ရှိမှုနှင့် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံ့ခေါင်းဆောင်များ အပြန်အလှန်လည်ပတ်ခဲ့မှု အခြေအနေများ၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကိုသာမက ဒေသတွင်းနိုင်ငံများ၊ အာဆီယံ နိုင်ငံများနှင့် ဆက်ဆံမှုအခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှုနှင့် အာဆီယံဘုံသဘောတူညီချက်(၅)ရပ် အပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင် မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ရွေးကောက်ခံအစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများအပေါ် လာအိုနိုင်ငံအနေဖြင့် အပြည့်အဝနားလည်မှုရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြားကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွရင်ဆိုင် ကျော်လွှားပြီး အပြန်အလှန်ကူညီ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ ကြောင်း သတင်းရရှိသည်။
