၂၉.၅.၂၀၂၆
Written By Thandar
လက်ဝှေ့ကို အခြေခံထားတဲ့ Family Drama ဇာတ်လမ်းပုံစံ “လတစ်စင်းရဲ့ အိမ်အပြန် – Fight For Hope” ဇာတ်လမ်းတွဲမှာ ပိုင်တံခွန်က ဝိတ်တွေ တော်တော်ချပြီး ကြိုးစားထားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က Fight For Hope ဆိုတာက တကယ်တော့ လတစ်စင်းရဲ့ အိမ်အပြန် နာမည်ကတော့ မဆိုင်ဘူးပေါ့။ မိသားစုတစ်စုမှာ မှောင်မိုက်သွားတဲ့အချိန်မှာ သူကအများကြီး နေလောက်မထွန်းလင်းနိုင်ပေမယ့် လ,လောက်တော့ အလင်းရောင်လေး တစ်ခုပေးနိုင်တယ်ဆိုပြီး ဒီခေါင်းစဉ်လေး ပေးဖြစ်လိုက်တာပါ။ အဓိကတော့ မှောင်မိုက်တဲ့အချိန်မှာ ပေးနိုင်တဲ့အလင်းရောင်တစ်ခု ကာရိုက်တာအနေနဲ့ပေးထားတာပါ။ လက်ဝှေ့ကို အခြေခံထားတဲ့ Family Drama ပုံစံလေးပါ။ ပိုင်တံခွန်ကတော့ အိမ်မှာအားမကိုးရဘဲ ရပ်ကွက်ထဲမှာ ပေပေတေတေ တော်တော်ဆိုးဆိုးကောင်လေးနေရာကို ပါဝင်ထားပါတယ်။ အစ်ကိုဖြစ်သူ ကျန်းမာရေးမကောင်းချိန်မှာ မိသားစု တာဝန်ထမ်းဆောင်ရသူပေါ့။ ပိုင်တံခွန်ကို မြန်မာလက်ဝှေ့အတွက် ကာရိုက်တာပီပြင်အောင် ဝိတ်တွေ တော်တော်ချခဲ့တာပါ”လို့ ဒါရိုက်တာ ထွဋ်တင့်ထွန်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း အပြုံး၊ ဇာတ်ညွှန်း မင်းမူပိုင်၊ မြတ်ပြည့်၊ ထက်ပိုင်၊ မကိုဋ်ဦးစံ ဒါရိုက်တာ ထွဋ်တင့်ထွန်းက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ပိုင်တံခွန်၊ နေထူးနိုင်၊ ယမင်းမေဦး၊ ထူးသာ၊ ဘုန်းလျှံ၊ နေ့သစ်အေးအောင်၊ ကျော်ဇေယျ၊ လင်းယံဆက်၊ မင်းမြတ်စိုးစံ၊ သန်းသန်းစိုး၊ မေဦးမိုး၊ ပြည့်နဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“လတစ်စင်းရဲ့အိမ်အပြန် – Fight For Hope” ဇာတ်လမ်းတွဲကို မနက်ဖြန် မေ ၃၀ ရက်မှာ စတင်ပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်း M Channel ရုပ်သံလိုင်းနဲ့ YouTube မှာ ည ၇ နာရီအချိန်တိုင်း၊ BebeeTV Mobile Application မှာ နံနက် ၉ နာရီမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
#ပိုင်တံခွန် #ယမင်းမေဦး #ထွဋ်တင့်ထွန်း #PaingTaKhom #YaMinMayOo #HtutTinTun #MChannel #FightForHope #လတစ်စင်းရဲ့အိမ်အပြန်


