နေမိုး
၁၅. ၂၀၂၆
ရေနံချေးသုတ်လုပ်ငန်းလုပ်ကိုင်ရန် မွန်ပြည်နယ်၊ ရေးမြို့သို့သွားသည့် ပဲခူးတိုင်းမှ အမျိုးသားသုံးဦးကို PDF များက ကြိုးတုပ်ဖမ်းဆီးပြီး ပစ်ခတ်သတ်ဖြတ်ကာ လမ်းဘေးတွင် အလောင်းစွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့သည်ဟု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရှိရသည်။
NUG ဩဇာခံ PDF တို့၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၁၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံရွာဟောင်းကျေးရွာနေ ဦးဌေးအောင် (၃၇)နှစ်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၂)ရပ်ကွက်နေ ကိုရဲထက်အောင် (၂၈)နှစ်နှင့် မြို့မ(၄)ရပ်ကွက်နေ ကိုအောင်ပြည့်စုံ(၂၄)နှစ်တို့သည် ရေနံချေးသုတ်လုပ်ငန်း လုပ်ကိုင်ရန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ရေးမြို့နယ်သို့ ထွက်ခွာလာစဉ် ရေး-သံဖြူဇရပ်သွား ကားလမ်းမိုင်တိုင်အမှတ် ၅၀ မိုင် ၅ ဖာလုံအနီးအရောက် PDF များက အကြမ်းဖက်ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် PDF များသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦးအား ဆင်ခြင်တုံတ ရားကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ကျူးလွန်သည့် PDF များအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
