၁. ၃. ၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ တေးသံရှင် ချယ်ရီသင်းနဲ့အတူ Young P၊ ထက်လျှံမှူးတို့ ပါဝင်သီဆိုထားတဲ့ “တမူးသာတယ်” သီချင်းသစ်ကို သူမရဲ့ YouTube Channel ဖြစ်တဲ့ https://youtube.com/@CherryThin ကနေ မနက်ဖြန် မတ်လ ၂ ရက် နံနက် ၁၀နာရီခွဲမှာတင်ပေးမှာဖြစ်သလို ညပိုင်းမှာလည်း Facebook Page ကနေ နားဆင်ရမယ်လို့ သိရပါတယ်။

“သူ့ရဲ့ ချစ်ပေးနေတာက တခြားသူတွေ ချစ်တာထက်ကို တမူးပိုသာတာကို ပြောချင်တယ်။ ချစ်ပြီဟေ့ဆိုရင် ဝေး။ ချစ်ပြီးဟေ့ဆိုရင် ဆွေးပေါ့။ သူအချစ်က အရူးတစ်ယောက်လိုပဲဖြစ်နေတယ်။ မင်းသိထားဖို့က ငါ့ရဲ့အချစ်က အားလုံးထက်ကို တမူးသာတယ်ဆိုတာကို ဖော်ညွှန်းထားပါတယ်။ စာသားပိုင်းလည်း တော်တော်လေးကို အားရပါတယ်။ ပရိသတ်တွေ သီချင်းလေး ထွက်လာရင် အားပေးပါ။ တကယ်ကို မတူတဲ့ပုံစံမျိုးနဲ့ ခံစားရပါစေမယ်။ ချယ်တို့ သူငယ်ချင်း ၃ ယောက်လုံး မတူတဲ့ပုံစံလေးနဲ့ ကြိုးစားထားတယ်”လို့ ချယ်ရီသင်းကပြောပါတယ်။

ဒီသီချင်းကို Young P နဲ့ ထက်လျှံမှူးတို့က ရေးသားဖော်ကျူးပေးပြီး Truck Music အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ The TREE Entertainment က ဒါရိုက်တာ စိုပြေဟိန်းက ရိုက်ကူးပေးတာ ဖြစ်ပါတယ်။ ချယ်ရီသင်းကတော့ သီချင်းတစ်ပုဒ်ထွက်တိုင်း Music Video၊ သီချင်းရဲ့ ရသတမျိုးဆီ ပရိသတ်ကို ပေးစွမ်းနိုင်အောင် အကောင်းဆုံး ကြိုးစားဖန်တီးမှုတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“ချယ် လုံးဝ မဆိုဖူးသေးတဲ့ Music Type ‌လေးပါ၊ Young P နဲ့ ထက်လျှံမှူးဆိုလည်း ပရိသတ်မမြင်ဖူးတဲ့ ပုံစံမျိုးလေး တွေ့ရမယ်။ ချယ်အသံပိုင်းမှာလည်း တစ်ခါမှ မဆိုဘူးတဲ့ ပုံပြောင်းသွားတယ်။ ချယ် ကိုယ်တိုင်ကတော့ ကြိုက်နှစ်သက်တယ်။ ပရိသတ် ကြိုက်နှစ်သက်မှုကတော့ သီချင်းလေးထွက်လာမှ သိရမှာပါ။ ချယ့်ကို အားပေးတဲ့ ပရိသတ်တွေ တခါထွက်တဲ့သီချင်းကလည်း ဒီပုံစံဆိုတာမျိုးဖြစ်မနေအောင် ဖန်တီးထားပါတယ်။ ချယ်ရီသင်းက သီချင်း တစ်ပုဒ်ထွက်ရင် Music Video ကအစ မတူတဲ့ပုံစံလေးရိုက်တတ်တယ်လို့ သူတို့စိတ်ထဲမှာရှိအောင် အကောင်းဆုံးပြင်ဆင်ထားပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News