နစ်မြုပ် ရှပ်ပြေးယာဉ်ကို ရှာနေစဉ်

၁. ၃. ၂၀၂၃
Written by Peya

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် လှိုင်းရာဇာ-၂ အမည်ရှိ ရှပ်ပြေးယာဉ်တစ်စီး နစ်မြုပ်မှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ၂ နှစ်အရွယ်နှင့် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ခရီးသည် ၄ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။

အဆိုပါ ရှပ်ပြေးယာဉ်မှာ မြောင်းမြမြို့မှ လပွတ္တာမြို့သို့ ပြေးဆွဲနေသည့် ယာဥ်ဖြစ်ပြီး မြောင်းမြမှ ထွက်ခွာလာသည့် အဆိုပါ ရှပ်ပြေးယာဉ်သည် မတ်လ ၁ ရက် နံနက်ပိုင်း ၃ နာရီ အချိန်တွင် ပြင်ရွာကျေးရွာသို့ ဘိလပ်မြေ အိတ် ၁၀၀ ကို ချရန် ကပ်စဉ် ရေဝင် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခုအချိန်မှာ ပျောက်နေတာက ၂ နှစ် မိန်းကလေးရယ်။ ၆ နှစ်အရွယ် ယောကျာ်းလေးရယ်။ အသက် ၃၃ နှစ်လောက် အမျိုးသမီးရယ်။ အသက် ၆၀ အရွယ် အမျိုးသမီးကြီး တစ်ယောက်ရယ်ပါ။ ရေယာဉ်က တစ်စီးလုံးကို လုံးဝ မြုပ်သွားတာ။ အခု ရှာနေကြတယ်” ဟု အဆိုပါ ဖြစ်စဉ်နေရာသို့ ရောက်ရှိနေသူ တစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News