၁. ၃. ၂၀၂၃
Written by Nay Aung

ထိုင်းအာဏာပိုင်များသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထိုင်းနှင့် မလေးရှားနယ်စပ်ဒေသတွင် မြန်မာနိုင်ငံသားနှင့် ဘင်္ဂါလီ ၁၀၆ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို သွားရောက်အလုပ်လုပ်ကိုင်ရန် စီစဉ်ထားသော မြန်မာနိုင်ငံသားများနှင့် ဘင်္ဂါလီ စုစုပေါင်း ၁၀၆ ဦးကို ဖေဖော်ဝါရီ ၂၈ရက်နေ့က ပရာ ချက်ကီရီကန် ပြည်နယ် ဘန်ဆာဖန် အရပ်တွင်ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းနိုင်ငံ ဘန်ဆန်ဖန် ရဲစခန်းမှ ရဲမှူးကြီးChairin Kaewsuwan က ထုတ်ဖော်ပြောဆိုခဲ့သည်။

Petchkasem လမ်းပေါ်တွင် ရပ်ထားသော Isuzu အမျိုးအစား ၆ ဘီးကားကို မသင်္ကာသည့်အတွက် စစ်ဆေးရာမှကားအတွင်းမှ မြန်မာနိုင်ငံသားများနှင့် ဘင်္ဂါလီများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကားပေါ်တွင် အမျိုးသား ၇၅ ဦးနှင့် အမျိုးသမီး ၃၁ ဦးတိုပါဝင်ပြီး ထိုအထဲတွင် အသက် ၁၅ နှစ်အောက်ကလေးငယ် ၂၁ ဦးလည်းပါဝင်ကြောင်း ထိုင်းနိုင်ငံ ဘန်ဆန်ဖန် ရဲစခန်းမှရဲမှူးကြီးကပြောသည်။

လမ်းတွင်ရပ်ထားသော ကားကို စစ်ဆေးချိန်တွင် ကားမောင်းသမားဖြစ်သူကို မတွေ့ရကြောင်း၊ ကားသည်လမ်းတွင်ပျက်သွားသည့်အတွက် ကားမောင်းသမားက Forklift ကို သွားရောက်ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။ ဘန်ကောက်မြိုတွင် မှတ်ပုံတင်ထားသော ကားနံပါတ် 68-8791 တပ်ဆင်ထားသော ကားတွင် အပြာရောင်စာသားဖြင့် Music Home Instruments စတေကာများကိုကပ်ထားပြီး အရှည် ၂၀ ပေရှိကြောင်း ဘန်ဆန်ဖန် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုအပြင် ပရာချက်ပြည်နယ်အုပ်ချုပ်ရေးအာဏာပိုင်များနှင့် နယ်ခြားစောင့်တပ်ဖွဲတိုသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် Ban Pong Ket မြို ကျေးရွာအမှတ် ၇ ရှိ လယ်ကွင်းအနီးတောထဲတွင် ပုန်းနေသော မြန်မာနိုင်ငံသား ၁၂ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသောသူများသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ရန်ကုန်မြိုတိုမှဖြစ်ပြီး မလေးရှားနိုင်ငံသို သွားရောက်အလုပ်လုပ်ရန်အတွက် မလေးရှားနိုင်ငံအတွင်းသို တောလမ်းမှဖြတ်သန်းဝင်ရောက်ရန် စီစဉ်ထားသူများဖြစ်ကြောင်းထိုင်းရဲတပ်ဖွဲကပြောသည်။

မလေးရှားနိုင်ငံသို သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားဖြစ်သူကို တစ်ဦးအတွက် ပွဲစားခအဖြစ် ဘတ် ၂၅၀၀၀ ပေးခဲ့ရကြောင်း၊ မလေးရှားနိုင်ငံသို ဝင်ရောက်ရန် ပွဲစားဖြစ်သူကို စောင့်ဆိုင်းနေချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများကပြောသည်။

ref — pheupuangchon

Leave a Reply

Your email address will not be published. Required fields are marked *

Related News