၁. ၃. ၂၀၂၃
Translated by Htwe Ko Tun

ဂရိနိုင်ငံ၊ မြို့တော်အေသင်၏မြောက်ဘက် ကီလိုမီတာ ၃၈၀(၂၃၅ မိုင်)အကွာ တန်ပီ(Tempe) မြို့အနီးတွင် ကုန်ရထားတစ်စီးနှင့် လူစီးရထားတစ်စီးတို့ ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းက ခေါင်းချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့ရာ ရထားတွဲအများအပြား လမ်းချော်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးတွဲသုံးတွဲ မီးလောင်ခဲ့ကြောင်း သိရသည်။

ရထားတိုက်မှုနှင့် မီးလောင်မှုဖြစ်ပွားရာသို့ အနီးပတ်ဝန်းကျင်မြို့များမှ မီးသတ်ယာဉ် ၁၇ စီးနှင့် လူနာတင်ယာဉ် ၄၀ တို့နှင့်အတူ ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိလာခဲ့ကြသည်။ လူစီးရထားပေါ်တွင် ခရီးသည် ၃၅၀ ပါရှိရာ ခရီးသည် ၂၇၀ ကို ဘေးအန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပြီး အနည်းဆုံး ၃၂ ဦးသေဆုံးခဲ့ရကာ ၈၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောခဲ့ကြသည်။ ခရီးသည်တင်ရထား မောင်းနှင်သူ သုံးဦးစလုံးမှာလည်း သေဆုံးခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ရထားသည် မြို့တော်အေသင်မှ ဂရိနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော သက်ဆာလိုနီကီမြို့သို့ ခုတ်မောင်းလာခြင်းဖြစ်သည်။ ဤကဲ့သို့ ရထားနှစ်စီးခေါင်းချင်းဆိုင်တိုက်မိခဲ့ရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။

Ref—- CNN

Leave a Reply

Your email address will not be published. Required fields are marked *