သက်တံ့
၂၁. ၄. ၂၀၂၆
Highway Complex အိမ်ရာဝင်းတွင် KIA Creato အငှားယာဥ်တစ်စီး မီးလောင်မှု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဧပြီ ၂၁ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၈ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၆) ရပ်ကွက်၊ Highway Complex အိမ်ရာဝင်းအတွင်း အငှားယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၁၁ မိနစ်အချိန် မီးငြိမ်းခဲ့သည်ဟု သိရသည်။
တာဝန်ရှိသူများ၏ တရားဝင်စစ်ဆေးချက် ထွက်ရှိလာမှု မရှိသေးသော်လည်း မီးလောင်သည့်ယာဥ်မှာ KIA Creato အငှားယာဥ်ဖြစ်ပြီး ဝါယာရိန်းများမှာ နွေအပူရှိန်ကြောင့် စတင်လောင်ကျွမ်းဖွယ်ရှိကာ ကားခေါင်းပိုင်းတစ်ခုလုံး မီးလောင်ခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။
ဓာတ်ပုံ – အနာဂတ်အလင်းတန်း ပရဟိတအသင်း




