



၁.၄.၂၀၂၆
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာ ပက်ခ်တွန်ခွာပြည်နယ်မှာ စကျင်ကျောက်တွင်းတစ်ခု မတ်လ ၃၁ ရက်က ပြိုကျခဲ့တဲ့နောက် အလုပ်သမား ကိုးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် အနည်းဆုံး တစ်ဦးပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ကြပါတယ်။
ထိုဖြစ်ရပ်က မာဒန်ခရိုင်၊ ရပ်စတမ်ဒေသ၊ နန်ဂါဘတ် ဒါရန်နယ်မြေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သတ္တုတွင်းပြိုကျပြီးနောက် အလုပ်သမားတွေဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ၁၁၂၂ မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးတွေအောက်မှာ အလုပ်သမား ၁၂ ဦးကို တူးဖော်တွေ့ရှိခဲ့တာမှာ ကိုးဦးသေဆုံးနေခဲ့ပြီး ဒဏ်ရာရရှိသူတွေကိုတော့ အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ အနည်းဆုံး အလုပ်သမားတစ်ဦးကတော့ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အထူးလက်ထောက် ရှာဖီဂျန်က ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ခရိုင်အာဏာပိုင်တွေက အောက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် ဆိုဟေးလ် အာဖရီဒီက ဒဏ်ရာရရှိသူတွေအတွက် ချက်ချင်းဆေးကုသမှုပေးဖို့ အမိန့်ပေးခဲ့ပြီး ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။
Ref- The Express Tribune
