၂၇.၃.၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ယာယီသမ္မတက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် လူပုဂ္ဂိုလ် ၄၂ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၅၇/၂၀၂၆) ဖြင့် ယနေ့တွင် ထုတ်ပြန်ကြေညာသည်။
တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သူရဘွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးဇော်မျိုးနိုင်၊ ဒေါ်စန်းမော်အေး၊ ဒေါ်စနေမတို့ ၃ ဦးကို ချီးမြှင့်အပ်နှင်းခဲ့သည်။
တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူး အောင်နိုင်မိုးလှိုင်၊ ဗိုလ်မှူး ရဲဇော်ထွန်း၊ ဗိုလ်မှူး ရှားလူ၊ ဗိုလ်ကြီး မင်းကြည်ဟိန်း၊ ဗိုလ် သက်ပိုင်မြင့်၊ ဗိုလ် ပြည့်စုံအောင်၊ တတ-၁၂၆၉၁၉ ဒုတိယတပ်ကြပ် သူရိန်အောင်တို့ ၇ ဦးအား ချီးမြှင့်အပ်နှင်းခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်ကို ကာကွယ်ရေးဝန်ကြီးဌာနမှ မောင်အောင်ဖြိုးပိုင်၊ မောင်ပိုင်သက်ကျော်(ခ) မောင်မျိုးဇင်သက်၊ မောင်ကောင်းမင်းထက်၊ ဦးရဲလင်း(အရပ်သား/ ရိပ်သာ)၊ ဦးကျော်ဇင်ဝင်း(အရပ်သား/ ရိပ်သာ)၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဦးကျော်ရဲထွဋ်၊ ဦးဇော်မင်းထွန်း၊ ဦးမောင်ဆွေဝင်း၊ ဦးနေထက်လင်း၊ ဦးတင်မိုးဝင်း၊ ဦးစောဦး၊ မကွေးတိုင်းဒေသကြီးမှ ဦးဆန်းလင်း၊ ဦးသူရိန်ထွန်း၊ ဦးဟိန်းစည်သူ၊ ဦးစံတင်ဝင်း၊ ဦးကျော်ဇေဦး၊ ဦးရန်နိုင်ဦး၊ ဦးမျိုးမင်းသူ၊ ဦးမင်းလွင်၊ ဦးထက်ဝေဦး၊ ဦးကျော်လင်းဦး၊ ဦးဌေးလွင်၊ ဦးမြင့်ခိုင်၊ ဦးမင်းနိုင်ဦး၊ ဦးသန့်ဇင်ဦး၊ ဦးလှိုင်မင်းဆွေ၊ ဦးဟိန်းသန့်ကို၊ ဦးဇော်မျိုးအောင်၊ ဦးသိန်းဇော်ဦး၊ ဦးဇော်မျိုးငြိမ်း၊ ဦးအေးဇော်၊ ဦးလင်းထင်တို့ ၃၂ ဦးအား ချီးမြှင့်အပ်နှင်းခဲ့သည်။

