
နေမိုး
၁၇. ၃. ၂၀၂၆
KIA နဲ့ KPDF ကြီးစိုးရာ ဖားကန့်နယ်မြေမှာ KIA နဲ့ KPDF တွေက အဓမ္မ ပေါ်တာဆွဲတာကိုထောက်ခံတဲ့ စာမတတ်တဲ့ PDF တွေ -ခံရမယ်လို့ မနေ့က ဆဲရေးတဲ့ သတင်းထောက် တာလင်းမောင် ဒီနေ့ ပျောက်နေတယ်လို့ သိရပါတယ်။
တာလင်းမောင်ဟာ အရင်က ပြန်ကြားရေးဝန်ကြီးဌာနက CDM လုပ်ထားတဲ့သတင်းထောက်ဖြစ်ပြီး ဖားကန့်မှာနေထိုင်ရင်း KIA နဲ့ KPDF တွေအပေါ် အနည်းငယ် ဝေဖန်တာ ပြည်ပသတင်းဌာနတွေဆီသတင်းပေးပို့ရာက ပထမအကြိမ် အဖမ်းခံခဲ့ရသလို လက်ရှိမှာလည်း အရင်က ပြည်တွင်းက မီဒီယာတစ်ခုရဲ့ နယ်သတင်းထောက်၊ NLD ရဲ့ ဖားကန့်အမတ်ဟောင်းနဲ့ NUG ကို ခိုလှုံထားသူ အောင်ဟိန်းမင်းနဲ့ ပူးပေါင်းပြီး ဥရုနေ့စဥ်သတင်းဂျာနယ်မှာ အယ်ဒီတာလုပ်ကိုင်နေသူပါ။
တာလင်းမောင် မပျောက်ဆုံးခင် မနေ့က သူ့ ပို့စ်နဲ့ မိုင်ဒေးတွေမှာ KIA နဲ့ KPDF တွေရဲ့ အကြမ်းဖက်ပေါ်တာဆွဲမှု၊ ငွေတောင်းပြီး ပြန်လွှတ်မှုတွေကို စီးပွားရေးလုပ်နေတာလို့ သရော်ခဲ့သလို “စုဆောင်းရေးဆွဲတာ ထောက်ခံတဲ့ ဖားကန့်က pdf တွေ အကုန် ငါနဲ့တည့် မှာ မဟုတ်ဘူး။ စောက်ရေး မပါ၊ စာမတတ်တဲ့ကောင် တွေလို့ သတ်မှတ်တယ်။ ပထွေးလုပ်သမျှ အကုန်-င် သာခံကြ။”လို့ KIA နဲ့ KPDF တွေကို ရောပြီးဆဲခဲ့တာ တွေ့ရပါတယ်။
အဲဒီနောက် ဒီညနေမှာ ပျောက်သွားခဲ့ရာမှာ ဥရုနေ့စဥ်သတင်းဌာနက “ယနေ့ညနေ ဆိုင်းတောင်မှာ ဥရုနေ့စဉ်သတင်းဂျာနယ် အယ်ဒီတာ ကိုတာလင်းမောင် ပျောက်ဆုံးနေပါတယ်။”လို့ ဖော်ပြခဲ့တာလည်း တွေ့ရပါတယ်။
တာလင်းမောင် ပျောက်နေကြောင်း တင်နေတဲ့ပို့စ်တွေအောက်မှာတော့ KIA နဲ့ KPDF က ပေါ်တာဆွဲလူစုတာ ဝေဖန်မိလို့၊ PDF တွေ -င်ခံဖို့ရေးလို့ အဖမ်းခံရတာဖြစ်နိုင်ကြောင်းလည်း မှတ်ချက်ပြုနေကြပါတယ်။
