

၇.၂.၂၀၂၆
Written by Thiri
ရပ်ထားတဲ့ တွဲကားရဲ့ နောက်ပိုင်းကို သုံးဘီးဆိုင်ကယ်က ဝင်တိုက်လို့ ဆိုင်ကယ်မောင်းနှင်သူနေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ ဒီည (ဖေဖော်ဝါရီ ၇ ရက်) ၁၀ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းတစ်သင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီးလမ်းမကြီး၊ အထက (၁) ကျောင်းအရှေ့မှာ လမ်းဘေးကိုတစ်ဝက်ချကာ လမ်းပေါ် ဘီးတစ်ဝက်တင်ရပ်ထားပြီး ရောင်ပြန်မပါတဲ့ တွဲကားရဲ့ နောက်ပိုင်းကို အရက်မူးနေတဲ့ သုံးဘီးဆိုင်ကယ်မောင်းနှင်သူက ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သုံးဘီးမောင်းသူ နေရာတင်သေဆုံးခဲ့လို့ ရွှေလှိုင်သာယာအသင်းမှ ရောက်ရှိကူညီခဲ့ပြီး သေဆုံးရုပ်အလောင်းကို သွေးဒါနမျိုးဆက်အသင်းယာဥ်နဲ့ လှိုင်သာယာဆေးရုံဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
