၅.၂.၂၀၂၆
Written By Thandar
အကယ်ဒမီပွဲကျင်းပဖို့ တာဝန်နဲ့ နေပြည်တော်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ ဦးကြည်စိုးထွန်းက တောင်ညိုလမ်းမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့အတွက် အလှူငွေကျပ် ၅ သိန်းဝင်ရောက်လှူဒါန်းရင်း အားပေးစကားပြောခဲ့ပါတယ်။
“ကျွန်တော်တို့ အနုပညာလောကသားအချင်းချင်းပဲ ခုလို သဘင်ဘက် ကားတိမ်းမှောက်လို့ သတင်းကြားရတော့လည်း စိတ်မကောင်းဘူး။ ဒါကြောင့်မို့ နေပြည်တော် အကယ်ဒမီလာရင်းနဲ့ ခုလို နေပြည်တော်က ခုတင် ၁၀၀၀ ဆေးရုံကို လာရောက်တွေ့ဆုံပြီး အားပေးစကားပြောဖြစ်တာပါ။ ကိုယ့်အချင်းချင်းတွေလည်းဖြစ်တော့ စိတ်မကောင်းပါဘူး။ ကိုယ်တွေရဲ့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ကျပ် ၅ သိန်းလှူဖြစ်ပါတယ်။ ဒီလှူဒါန်းမှုအတွက်လည်း ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည် စိုးထွန်းက MT Entertainment ကို ပြောပါတယ်။
လက်ရှိ ခုတင် ၁၀၀၀ ဆေးရုံမှာ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဖိုးချစ်နဲ့အတူ ဆေးကုသမှုခံယူနေတဲ့သူတွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းကိုယ်တိုင် လာရောက်ကြည့်ရှု အားပေးစကားတွေ ပြောခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)ကလည်း တောင်ညိုလမ်းမှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ “ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့” ကို ဒုတိယအကြိမ်မြောက်အဖြစ် ဥက္ကဋ္ဌဖိုးချစ်က ကွယ်လွန်သူ သဘင်အဖွဲ့သား (၉) ဦးရဲ့ ကျန်ရစ်သူမိသားစုတွေအတွက် မိသားစုတစ်စုကို ကျပ် သိန်း ၄၀ ကျပ်စီနဲ့ ခုတင် ၁၀၀၀ မှာ ဆေးကု သမှုခံယူနေရသူ ၁၉ ဦးအတွက် တစ်ဦးကို ကျပ် ၁၅ သိန်းနှုန်းနဲ့ ထပ်မံကူညီ လှုဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
#ဦးကြည်စိုးထွန်း #ဖိုးချစ် #KyiSoeTun #PhoeChit #မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက #နေပြည်တော်ခုတင်၁၀၀၀ဆေးရုံ #တောင်ညိုလမ်း #ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့






