၅.၂.၂၀၂၆
Written by Linn Eain
ရန်ကုန်တက္ကသိုလ်တွင် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ကို ယနေ့ ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ကို အင်းလျားလမ်းရှိ ရန်ကုန်တက္ကသိုလ်သုတေသနနှင့် တီထွင်ဆန်းသစ်မှုစင်တာ (Center for Research and Innovation)တွင် ပြုလုပ်ထားရှိထားကြောင်း သိရသည်။
အဆိုပါညီလာခံနှင့် သိပ္ပံပွဲတော်ကို ဇန်နဝါရီ ၇ ရက်အထိ သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး သုတေသနညီလာခံ ဘာသာရပ်အလိုက် စာတမ်းဖတ်ပွဲများကို ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သိပ္ပံပွဲတော်(၂၀၂၆)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ပေါင်းစုံမှ သိပ္ပံပြခန်းစုစုပေါင်း ၂၅ ခန်းပါဝင်ပြသခဲ့သည်။
ထို့ပြင် ရန်ကုန်တက္ကသိုလ်မေဂျာပေါင်းစုံ စျေးရောင်းပွဲတော်ကိုလည်း ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမရှေ့ မြက်ခင်းပြင်တွင် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်အထိ သုံးရက်ကြာကျင်းပသွားမည်ဖြစ်သည်။











