သက်တံ့
၅. ၂. ၂၀၂၆
ယမန်နေ့ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၄ ရက်ကူးစ) နံနက်ပိုင်းအချိန်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရာချယိုသင်း (Ratchayothin) မှာရှိတဲ့ ဘား (Bar) တစ်ခုကအပြန် တက္ကစီပေါ် အိပ်ပျော်သွားခဲ့တဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ အသက် ၅၁ နှစ်အရွယ် တက္ကစီယာဉ်မောင်းတစ်ဦးကို ရဲတပ်ဖွဲ့က ဒီနေ့မှာ ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။
နစ်နာတဲ့ တက္ကသိုလ်ကျောင်းသူရဲ့ ရဲတပ်ဖွဲ့ထံ တိုင်တန်းချက်အရ သူမဟာ ဖေဖော်ဝါရီ ၄ ရက် နံနက် ၃ နာရီခန့်အချိန် တက္ကစီစီးခဲ့ပြီး လမ်းခရီးမှာ သောက်စားထားမှုအရှိန်ကြောင့် သတိလစ်သွားခဲ့ပြီး ပြန်နိုးလာတဲ့အချိန်မှာ ကလောင်တန် (Khlong Tan) အရပ်က မိုတယ် (Motel) အခန်းတစ်ခုအတွင်း အဝတ်အစားမပါဘဲ ပြန်လည်နိုးထလာခဲ့တယ်လို့ တိုင်ကြားခဲ့ပါတယ်။ သူမဟာ ရဲစခန်းမှာ တိုင်ချက်ဖွင့်လှစ်ခဲ့ပြီး ဆေးစစ်မှု ခံယူခဲ့ပြီးနောက်မှာ စုံစမ်းစစ်ဆေးရေးမှူးတွေက ကျူးလွန်သူကို ခြေရာခံ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
တရားခံ တက္ကစီယာဥ်မောင်း အမျိုးသားက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားပြီး လက်ရှိမှာတော့ မုဒိမ်းမှုအပြင် ကျောင်းသူလေးရဲ့ပစ္စည်းတွေပါ ခိုးဝှက်ယူသွားတဲ့အတွက် ညဘက်မှာ ခိုးမှုနဲ့ပါ အရေးယူထားပြီး တရားစွဲတင် အရေးယူနိုင်ဖို့အတွက် ကလောင်တန် ရဲစခန်းကို လွှဲပြောင်းပေးအပ်ထားတယ်လို့ သိရပါတယ်။
Ref: Khaodsod
