




၂၇.၁.၂၀၂၆
Written By Thandar
Bellarie Production က စီစဉ်ရိုက်ကူးမယ့် “အချစ်စျေး”ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ရှင်းလင်းပွဲကို ယနေ့ ဇန်နဝါရီ ၂၇ ရက် ညနေ ၃ နာရီခွဲက ရန်ကုန်မြို့ Inya Pop မှာကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင် နိုင်းနိုင်း၊ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ တက်ရောက်ခဲ့ပါတယ်။
“မင်းသမီးက မင်းသားနှစ်ယောက်လုရလောက်အောင် ချောနေရမှာမို့ ဝတ်မှုံရွှေရည်ကို ရွေးချယ်ဖြစ်သွားတာပါ။ ဒီကားက မင်းသားနဲ့မင်းသမီး ပရိသတ်မြင်နေကြမဟုတ်တဲ့သူတွေကို အကောင်းဆုံးရွေးချယ်ထားတာပါ။ ဒီကားပေါ် ထွက်လာတဲ့ Result ကောင်းတွေ ဖြစ်စေရမယ်လို့တော့ ပြောချင်ပါတယ် ”လို့ ဒါရိုက်တာပြည့်ဖြိုးနိုင်(PPN)က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင်၊ DOP အကယ်ဒမီအာကာတိုး၊ ဒါရိုက်တာ ပြည့်ဖြိုးနိုင်(PPN) က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ နိုင်းနိုင်း၊ နေတိုး၊ ဝတ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။
“ဒီဇာတ်ကားက ပရိသတ်ကို အချိုပွဲလေးပေးတဲ့ သဘောလေးပါ။ အချစ်ချိုချိုခါးလေး ပရိသတ်အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးပါ”လို့ အကယ်ဒမီ ဝတ်မှုံရွှေရည်က ပြောပါတယ်။
