
MT News
၂၇. ၁. ၂၀၂၆
ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြတ်အား ပြည်ထဲရေးဝန်ကြီး ခန့်အပ်လိုက်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ယနေ့ည ကြေညာသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၃/၂၀၂၆ ဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အား မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေခဲ့ခြင်းဖြစ်ပြီး ကြေညာချက်တွင်”ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်သည်။”ဟု ဖော်ပြသည်။
အလားတူ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၄/၂၀၂၆ ဖြင့်ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်အား ပြည်ထောင်စုဝန်ကြီးခန့်အပ်လိုက်ခြင်းဖြစ်ပြီး “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် အား ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။”ဟု ဖော်ပြကြေညာထားသည်။
