၂၅. ၁. ၂၀၂၆
Written by MMAK
◾အာဆင်နယ် Vs မန်ယူ
မိုက်ကယ်ကာရစ်က မန်ယူအသင်းကို အများကြီး ပြောင်းလဲပေးမဲ့သူလို့ ယူဆထားပြီး ကစားဟန်တွေ စိတ်ဓာတ်ပိုင်းတွေ တစ်ဆင့်မြင့်လာတဲ့ မန်ယူအသင်းကို မြင်တွေ့နေရတာဖြစ်ပါတယ်။ ဒီရာသီမှာ ပွဲတိုင်းလိိုလို အကောင်းဆုံးခြေစွမ်းမျိုး ပြသထားတဲ့ အာဆင်နယ်အသင်းကို မန်ယူအသင်းအနေနဲ့ ဘယ်လောက်ထိ ဒုက္ခရောက်အောင် လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ မန်စီးတီးနဲ့ပွဲမှာဆိုရင် မန်ယူအသင်းရဲ့ လျှင်မြန်တဲ့ ကောင်တာတိုက်စစ်တွေကို မြင်တွေ့ခဲ့ရပြီး အပိုင်ကန်သွင်းခွင့်တွေ အများကြီးရခဲ့သလို အရင်တုန်းကလို မန်ယူအသင်းရဲ့ ကောင်တာတိုက်စစ်ကို ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာလည်း ဘောလုံးကိုင်ပြီး ဖိအားပေးကစားလာမဲ့ အာဆင်နယ်အသင်းကို မန်ယူအသင်းရဲ့ ကောင်တာတိုက်စစ်ကနေ ဂိုးရသွားမယ်လို့ ထင်ပါတယ်။ ဘော်ဒီကြေး တစ်လုံးသရေမှာ မန်ယူအသင်းသာ တစ်ဂိုးရသွားရင် အာဆင်နယ်အသင်းအနေနဲ့ သုံးဂိုးပြတ်မှ ကြေးအောင်မှာ ဖြစ်တဲ့အတွက် အာဆင်နယ်အသင်း သုံးဂိုးသွင်းနိုင်မလားဆိုတာ စဥ်းစားရပါမယ်။ လက်ရှိပေါက်ကြေးအရဆို အာဆင်နယ်အသင်းလည်း ဂိုးရဖို့ သေချာနေပြီး တစ်ဖက်တစ်ဂိုးစီလောက်တော့ မြင်ရမယ်လို့ ထင်ပါတယ်။ အာဆင်နယ်အသင်း နှစ်ဂိုးတစ်ဂိုးလောက်နဲ့ ကပ်နိုင်ရင်နိုင် မနိုင်ခဲ့ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်ပါတယ်။ ဒီပွဲစဥ်မှာ မန်ယူအသင်းရဲ့ ကောင်တာတိုက်စစ်က တစ်ဂိုးရသွားမယ်လို့ ယူဆထားလို့ မန်ယူဘော်ဒီကို ရွေးချယ်ပေးချင်ပြီး ဂိုးပေါ်ကို အနည်းငယ်လောက် ကစားသင့်ပါတယ်။
◾ခရစ္စတယ်ပဲလေ့စ် Vs ချဲလ်ဆီး
လန်ဒန်ဒါဘီပွဲဖြစ်တာကြောင့် စူပါဆန်းဒေးညရဲ့ အကောင်းဆုံးပွဲ တစ်ပွဲ ဖြစ်လာနိုင်ပြီး ရုန်းကန်နေရတဲ့ ပဲလေ့စ်အသင်းနဲ့ နည်းပြအသစ်နဲ့ အထိုင်ကျဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ရာသီအစမှာ ခြေစွမ်းကောင်းခဲ့သလောက် နောက်ဆုံးဆယ်ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ပဲလေ့စ်အသင်းအနေနဲ့ ဖိအားတွေအောက်ကို ရောက်နေတယ်လို့ ထင်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ နည်းပြသစ်လက်ထက်မှာ သိပ်မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပြီး ပဲလေ့စ်လိုမျိုး ခက်ခဲတဲ့ ဒါဘီပြိုင်ဘက်အသင်းကို အဝေးကွင်းကနေ ဘာလုပ်ပြမလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး ပြားခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ပေါက်ပါတယ်။ ချဲလ်ဆီးအသင်းက ဒီပွဲပြီးရင် နာပိုလီနဲ့ ချန်ပီယံလိဂ်နောက်ဆုံးပွဲ ကစားရဖို့ရှိနေပြီး အနိုင်ရမှ ထိပ်ဆုံးရှစ်သင်းဝင်ဖို့ သေချာမှာပါ။ ပေါက်ကြေးနဲ့ လက်ရှိအခြေအနေအရဆို ဂိုးသွင်းသေချာတဲ့အသင်းက အနိုင်ရသွားတာမျိုး မြင်တွေ့ရနိုင်ပြီး အပြန်အလှန်ဂိုးတွေနဲ့ တိုက်စစ်ဖွင့်ကစားလာမဲ့ ပွဲစဥ်မျိုး မဟုတ်ပါဘူး။ ပဲလေ့စ်ဂိုးရရင် ခံစစ်ပိတ်သွားမှာဖြစ်သလို ချဲလ်ဆီးဂိုးရရင်လည်း ထိန်းကစားသွားမျိုး ဖြစ်နိုင်တာကြောင့် လန်ဒန်ဒါဘီကို ဂိုးအောက်နဲ့အတူ နေထိုင်သင့်ပါတယ်။






◾နယူးကာဆယ် Vs အက်စတွန်ဗီလာ
ဗီလာအသင်းမှာ အသင်းခေါင်းဆောင် မက်ဂင်းရဲ့ အရေးပါမှုကို အဲဗာတန်နဲ့ပွဲမှာ မြင်တွေ့ခဲ့ရပြီး မက်ဂင်းထွက်ခွာသွားချိန်မှာ ဗီလာကစားပုံ ဆိုးရွားခဲ့ပြီး အဲဗာတန်ကို အရှုံးပေးခဲ့ရပါတယ်။ နယူးမှာလည်း အသင်းခေါင်းဆောင် ဂွီမာရေးမပါနိုင်ပေမဲ့ အရမ်းဆိုးရွားသွားတာမျိုး မဖြစ်နိုင်ဘဲ အစားဝင်နိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ နယူးက ဒီပွဲပြီးရင် PSG အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ရှိသလို လီဗာပူး၊ မန်စီးတီးတို့နဲ့လည်း ဆက်တိုက်ကစားရဖို့ ရှိပါတယ်။ ဒီပွဲစဥ်မှာ နယူးကာဆယ်က ဘော်ဒီကြေး ပြားခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ နယူးက ပွဲကြပ်တွေဆက်တိုက်ကစားရမဲ့ အနေအထားမှာ ဗီလာကို ပြားခုနစ်ဆယ်ပေးတာဟာ နိုင်သွားလို့ရတယ်ဆိုတဲ့ ပေါက်ကြေးပါ။ ဗီလာကွင်းလယ်က မက်ဂင်းနဲ့ခါမာရာ မပါနိုင်သလို ဂိုးသမား မာတီနက်လည်း မပါနိုင်တာကြောင့် အိမ်ကွင်းကစားအားကောင်းတဲ့ နယူးအသင်းကို ယှဥ်ကစားနိုင်ဖို့ ခက်ပါတယ်။ ပွဲကြပ်တွေဆက်တိုက်ကစားရမှာက နယူးကာဆယ်ဖြစ်သလို အောက်ကနေ ပြားခုနစ်ဆယ်ပြန်ပေးထားတဲ့ ပေါက်ကြေးမှာ အိမ်ရှင်နယူးကာဆယ်အသင်း အနိုင်ရသွားမယ်လို့ ထင်ပါတယ်။
◾ဘရန့်ဖို့ Vs နော်တင်ဟန်ဖောရက်
ဘရန့်ဖို့က အိမ်ကွင်းအကောင်းဆုံးအသင်းတွေထဲမှာ ပါဝင်နေပြီး သူ့အိမ်ကွင်းဆိုရင် ဘရန့်ဖို့ကိုပဲ ရိုက်ရမလို ဖြစ်နေပါတယ်။ ဖောရက်ကို ကြည့်ပြန်တော့လည်း နောက်ဆုံးကိုးပွဲမှာ တစ်ပွဲသာ နိုင်ပွဲရထားပြီး ကြားရက်မှာ ယူရိုပါလိဂ်ပွဲကစားခဲ့ရသလို ဒီပွဲပြီးရင်လည်း ယူရိုပါလိဂ်နောက်ဆုံးပွဲ ကစားရဖို့ ရှိနေပြန်ပါတယ်။ ဒီပွဲစဥ်မှာ ဘရန့်ဖို့အသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံးပေါက်ပါတယ်။ လက်ရှိခြေစွမ်းနဲ့ အခြေအနေအရဆို ဖောရက်အသင်းကို ဆန်ကျင်ရမှာဖြစ်ပြီး ဘရန့်ဖို့အသင်းရဲ့နောက်ကိုပဲ ဆက်လိုက်ရမှာပါ။ ထိုးသားအများစု ဘရန့်ဖို့ကို ဆက်လိုက်ကြမှာဖြစ်လို့ စိတ်ပူစရာရှိပေမဲ့ ဒီညမှာ ဘွတ်ကီစားစရာ ပွဲများတဲ့အတွက် အိမ်ကွင်းဖော်လိုအရမ်းကောင်းနေတဲ့ ဘရန့်ဖို့အသင်းကို လွှတ်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ အဝေးကွင်းဖြစ်နေသလို ပွဲပန်းမှုတွေ ရှိနေတဲ့ ဖောရက်အသင်းကို ဆန့်ကျင်ထားပြီး အိမ်ရှင်ဘရန့်ဖို့ရဲ့ နောက်ကိုပဲ ဆက်လိုက်ပါမယ်။
◾ဂျူဗင်တပ် Vs နာပိုလီ
နှစ်သင်းလုံး ချန်ပီယံလိဂ်ပွဲ ကစားရဖို့ရှိပေမဲ့ ဂျူဗင်တပ်အသင်းက အနိမ့်ဆုံးအနေနဲ့ Play – off ကစားရဖို့သေချာနေပြီး နာပိုလီကတော့ ထိပ်ဆုံးရှစ်သင်းဝင်ဖို့ ကြိုးစားလာနိုင်တဲ့ ချဲလ်ဆီးအသင်းကို အနိုင်ရအောင် ကစားနိုင်မှ Play – off ကစားရမှာဖြစ်တဲ့အတွက် အခြေအနေခြင်း မတူပါဘူး။ အမှတ်ပေးပွဲက တစ်ရာသီလုံးကစားရမှာဖြစ်ပြီး ကြားရက်မှာ ကစားရမဲ့ ချန်ပီယံလိဂ်ပွဲက နာပိုလီအတွက် ပိုအရေးကြီးပါတယ်။ ဒီပွဲစဥ်မှာ ဂျူဗင်တပ်အသင်းက ပြားရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးသုံးဆယ်အရှုံးပေါက်ပါတယ်။ ဂျူဗင်တပ်အသင်းက ဖလားရဖို့မဖြစ်နိုင်တော့ဘဲ ထိပ်ဆုံးလေးသင်းကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကို ကြိုးစားရဖြစ်တဲ့အတွက် ဒီလိုပွဲမျိုးကို အနိုင်ရထားဖို့လိုပါတယ်။ နာပိုလီအတွက် နောက်ပွဲက အရေးကြီးနေသလို အဓိက ကစားသမားအများစု ဒဏ်ရာရနေပြီး ကွင်းလယ်က တော်မီနေးတစ်ယောက်လောက်ဘဲ အားထားနေရတာကြောင့် ဒီပွဲဟာ အိမ်ရှင်ဂျူဗင်တပ်အသင်းရဲ့ နိုင်ပွဲဖြစ်လာမယ်လို့ ထင်ပါတယ်။ ပေါက်ကြေးနဲ့ လက်ရှိအခြေအနေအရ အိမ်ရှင်ဂျူဗင်တပ်အသင်းကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။
