




၂၅.၁.၂၀၂၆
Written by Nay Yaung Lin
လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်ကိုယ်စားလှယ်လောင်း၊ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးသည် ဝါးတန်းလမ်းရှိ မဲရုံအမှတ်(၂)တွင် ၉ မဲအကွာဖြင့် ဒုတိယရလဒ်သာရရှိခဲ့ကြောင်း အဆိုပါမဲရုံမှ သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရန်မျိုးအောင်သိန်းက အီလက်ထရောနစ်မဲပေးစက်တွင် ၁၆၆ မဲ၊ ကြိုတင်မဲ ၈ မဲ၊ စုစုပေါင်း ၁၇၄ မဲဖြင့် ပထမရလဒ်ရရှိခဲ့ကြောင်း သိရသည်။
ပြည်သူ့ပါတီဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုကြီးသည် အီလက်ထရောနစ်မဲပေးစက်တွင် ၁၆၂ မဲ၊ ကြိုတင်မဲ ၃၊ စုစုပေါင်း၁၆၅ မဲဖြင့် ဒုတိယရလဒ်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါမဲရုံအမှတ်(၂)တွင် စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူ ၁၄၆၆ ဦးရှိပြီး လာရောက်မဲပေးသူ ၄၃၀ ဦးရှိကြောင်း သိရသည်။
