၂၃.၁.၂၀၂၆
Written By Thandar
၁၅၉ ကြိမ်မြောက်သမားတော်နေ့နဲ့ မြန်မာ့ဆေးပညာရှင်များ အသင်းချုပ်ရဲ့ “မြန်မာ့ဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု မျှဝေခြင်း” အခမ်းအနားကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ငါးထပ်ကြီး အေးငြိမ်းချမ်းသာဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့ပါတယ်။
“ဒီပွဲလေးက မြန်မာ့ဆေးပညာအသင်းက ၁၅၉ ကြိမ်မြောက်သမားတော်နေ့ဆိုပြီး ရန်ကုန်မှာကျင်းပတာပါ။ မြန်မာ့ဆေးပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မျှဝေခြင်းရယ် အခမ်းအနားကို အစဉ်အလာတစ်ရပ်တစ်ခုနဲ့ လုပ်တာပါ။ အစဉ်အလာသမိုင်းပြောရမယ်ဆိုရင် အဘိဓမ္မာဒေသနာပေါက်ဖွားလာတဲ့ ဆေးပညာရပ်ကို စဉ်ဆက်မပြတ် နောက်မျိုးဆက်တွေ လက်ဆင့်ကမ်းဖို့အတွက် ကျန်းမာရေးစောင့်ရှောက်ခြင်း ပြုလုပ်တာပါ။ ဆေးပညာလိုလားတဲ့ လူတိုင်းအတွက် မျှဝေပေးခြင်းဖြစ်ပါတယ်”လို့ မြန်မာဆေးပညာရှင်များ အသင်းချုပ်နာယကကြီး ဆရာကြီးဦးဇော်ဟိန်းက MT Entertainment ကိုပြောပါတယ်။
အဆိုပါ မြန်မာ့ဆေးပညာဖြင့်ကျန်းမာရေး စောင့်ရှောက်မှု မျှဝေခြင်း အခမ်းအနားမှာ မြန်မာဆေးပညာရှင်များ အသင်းချုပ်က Level အလိုက် ဘာသာရပ်တွေ သင်ကြားပေးရာ ဒဿနဗေဒ၊ ရသာဗေဒ၊ ဆေးဝါးဗေဒ၊ ဓာတုဗေဒ၊ ကုထုံးဗေဒ၊ ရုက္ခဗေဒ၊ စည်းမျဉ်းဘာသာရပ်တွေကို သင်ကြား ပို့ချပေးခဲ့တာဖြစ်ပါတယ်။
ဒီသင်တန်းများမှာ တက်ရောက်သူတွေဟာ ဆေးပညာမျိုးရိုးပါသူတွေရှိသလို အခြေခံအလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်နဲ့ ဘွဲ့ကြိုပညာသင်ကြားပြီးသူများ လာရောက်တက်ရောက်ခဲ့ပြီး အသင်းသား ၂၈ ယောက်တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပေးခဲ့ပါတယ်။
#ဆရာမမြတ်သစ္စာ #MyatThisar #UZawHein #ဦးဇော်ဟိန်း
#မြန်မာ့ဆေးပညာရှင်များအသင်းချုပ် #MyanmarMedicalAssociation #မြန်မာ့ဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုမျှဝေခြင်း



