၁၇. ၁. ၂၀၂၆
Written by MMAK
◾မန်ယူ Vs မန်စီးတီး
စနေညမှာ မန်ချက်စတာဒါဘီနဲ့အတူ ဘောလုံးချစ်ပရိတ်သတ်တွေကို ဖျော်ဖြေမှုအပြည့် ပေးလာမဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ ကစားသမားဟောင်း မိုက်ကယ်ကာရစ်ရဲ့ပထမဆုံးပွဲမှာ တိုက်စစ်မှူး အမ်ဘူမို ပြန်ပါလာနိုင်ခြင်းနဲ့အတူ မန်ယူအသင်း ဘယ်လောက်ထိ စွမ်းဆောင်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ မန်စီးတီးအသင်းက ကွင်းလယ်နဲ့တိုက်စစ်ပိုင်းမှာ ကောင်းမွန်နေပေမဲ့ ခံစစ်မှာ အဓိက နောက်ခံလူတွေ မပါနိုင်တဲ့အချက်က အဓိက ထိုးနှက်ချက် ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး ပြားကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံး ပေါက်ပါတယ်။ ဂိုးပေါင်းကြေး မြင့်မားနေတာကို တွေ့ရပြီး အပြန်အလှန် သွင်းဂိုးတွေ မြင်ရနိုင်ပေမဲ့ လေးဂိုးလောက်ထိ မြင်ရနိုင်မလားဆိုတာတော့ သိပ်မသေချာပါဘူး။ တကယ်လို့ လေးဂိုးရောက်ခဲ့တယ်ဆိုရင်တောင် မန်စီးတီးအသင်းရဲ့ သွင်းဂိုးသုံးဂိုးလောက်ကို မျှော်လင့်ရမှာ ဖြစ်နေပါတယ်။ မန်စီးတီးနောက်တန်းမှာ လူမစုံပေမဲ့ တိုက်စစ်ပိုင်းက ပိုလုပ်ပြနိုင်တယ်လို့ ယူဆတာကြောင့် မန်စီးတီးအသင်းပဲ အသာရသွားဖို့ များပါတယ်။ ဒီအတွက်ကြောင့် မန်စီးတီးဘော်ဒီကို ရွေးချယ်ပေးချင်ပြီး ဂိုးပေါ်ကိုလည်း အနည်းငယ်လောက် ကစားသင့်ပါတယ်။
◾ချဲလ်ဆီး Vs ဘရန့်ဖို့
ချဲလ်ဆီးအသင်းက နည်းပြသစ် ရော့စီနာလက်ထပ်မှာ တိုက်စစ်ပိုင်း တိုးတက်လာတာကို တွေ့ရသလို တိုက်စစ်အသားပေးတဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်။ ဘရန့်ဖို့အသင်းကတော့ နောက်ဆုံးခြောက်ပွဲမှာ ငါးပွဲနိုင် တစ်ပွဲသရေရအောင် စွမ်းဆောင်ထားသလို အဆင့်ငါးမှာတောင် ရပ်တည်ထားနိုင်တာကို တွေ့ရပါတယ်။ ဘရန့်ဖို့အသင်းရဲ့ အဝေးကွင်းက သိသိသာသာ ညံ့ပေမဲ့ ချဲလ်ဆီးအသင်းက ဘော်ဒီကြေးကို တစ်လုံးကိုးဆယ်စားသာ ပေးထားနိုင်ပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ပေါက်ပါတယ်။ ဘော်ဒီကြေးက အနည်းငယ်ပျော့တယ်လို့ ထင်ရပေမဲ့ ဘရန့်ဖို့ရဲ့ လက်ရှိခြေစွမ်းနဲ့ အဆင့်ရပ်တည်မှုကြောင့် ကြေးပျော့လွန်းနေတယ်လို့ ပြောလို့မရပါဘူး။ ဂိုးပေါင်းကြေးကတော့ သိသိသာသာကို မြင့်မားနေပြီး တိုက်စစ်အသားပေး ကစားတတ်တဲ့ အသင်းနှစ်သင်း တွေ့ဆုံမှုမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်ရမယ်လို့ ထင်ပါတယ်။ ချဲလ်ဆီးတိုက်စစ်က နောက်ဆုံးနှစ်ပွဲမှာ ခုနစ်ဂိုးသွင်းခဲ့ပြီး ဘရန့်ဖို့တိုက်စစ်က နောက်ဆုံးသုံးပွဲမှာ ကိုးဂိုးသွင်းထားနိုင်တာကြောင့် ဒီပွဲမှာလည်း သွင်းဂိုးတွေမြင်ရဖို့ မခက်ပါဘူး။ အနိမ့်ဆုံးအနေနဲ့ သုံးဂိုးလောက်ကနေ စကြည့်ရနိုင်တာကြောင့် ဂိုးပေါ် တစ်မျိုးတည်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾လီဗာပူး Vs ဘန်လေ
လီဗာပူးအသင်းရဲ့ လက်ရှိခြေစွမ်းက ယုံကြည်ချင်စရာ မကောင်းသလို နည်းပြအားနေးစလော့ရဲ့ နည်းဗျူဟာနဲ့ ကစားဟန်တွေကလည်း အားနည်းချက်တွေ များပါတယ်။ ဘန်လေလို တန်းဆင်းဇုန်ထဲက အသင်းကို သုံးမှတ်အပြည့်ရဖို့ ကြိုးစားလာမှာ ဖြစ်ပေမဲ့ ဘော်ဒီကြေး နှစ်လုံးငါးဆယ်စား ဆိုတဲ့ပေါက်ကြေးမှာ ကြေးအောင်ပါ့မလားဆိုတာ စဥ်းစားစရာ ဖြစ်နေပြီး ဂိုးပေါင်းကြေးကတော့ သုံးလုံးသရေသာ ပေါက်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ သုံးဂိုးပြတ်မှ ကြေးအပြည့်စားရမယ်လို့ ပြောရမှာ ဖြစ်ပြီး နှစ်ဂိုးပြတ်ရင် ပြားငါးဆယ်စားဖို့ ပေးထားပေမဲ့ နှစ်ဂိုးထက်ပိုပြီး ပြတ်သွားမယ် မထင်ပါဘူး။ တကယ်လို့ ဘန်လေသာ တစ်ဂိုးရသွားရင် လီဗာပူးအသင်း လေးဂိုးသွင်းပြီး ကြေးအပြည့်အောင်သွားဖို့ မလွယ်ပါဘူး။ လီဗာပူးအသင်းရဲ့ အနိုင်က ပြတ်သားမယ်လို့ မထင်တာကြောင့် ပြားငါးဆယ်အရှုံးနဲ့ အပြည့်စားနဲ့ ရင်းပြီး အောက်အသင်း ဘန်လေကို ကြိုက်ပါတယ်။






◾နော်တင်ဟန်ဖောရက် Vs အာဆင်နယ်
ဖောရက်အသင်းရဲ့ လက်ရှိခြေစွမ်းက အကျဘက်ရောက်နေပြီး နောက်ဆုံးခြောက်ပွဲမှာ တစ်ပွဲသာနိုင်ခဲ့ပြီး ငါးပွဲတောင် ရှုံးထားပါတယ်။ ဒီခြေစွမ်းမျိုးနဲ့ အရမ်းကောင်းနေတဲ့ အာဆင်နယ်အသင်းကို ဒုက္ခပေးဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းလွန်းပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးတစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဒီလိုပေါက်ကြေးမျိုးကို အာဆင်နယ်အသင်းရဲ့ အဝေးကွင်းပွဲတွေမှာ မြင်ရလေ့ရှိပြီး ကပ်ပြီးတော့ အနိုင်ရသွားတာ များပါတယ်။ တစ်ဂိုးနဲ့ အနိုင်ရတာနဲ့ ပြားတစ်ဆယ်စားရမယ်ဆိုတဲ့ ပေါက်ကြေးက သံသယဖြစ်စရာ ကောင်းပေမဲ့ အာဆင်နယ်အသင်းကို ဘက်ကန်ပြီး ဖောရက်ဘော်ဒီကို မရွေးနိုင်ပါဘူး။ ဒီပွဲမှာ ဂိုးအောက်ကို အနည်းငယ် ကြိုက်ပေမဲ့ အာဆင်နယ်ရဲ့ လက်ရှိခြေစွမ်းကြောင့် အာဆင်နယ်အသင်းဘဲ အနိုင်ရသွားဦးမယ်လို့ ယူဆပါတယ်။ တစ်ဂိုးအနိုင်လောက်က သေချာနေပြီး နှစ်ဂိုးပြတ်သွားမလား မပြတ်ဘူးလား ဆိုတာဘဲ စောင့်ကြည့်ရမယ် ထင်ပါတယ်။ အာဆင်နယ်အသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားဦးမယ်လို့ ထင်တာကြောင့် အာဆင်နယ်အသင်းကိုပဲ ရွေးချယ်ပေးချင်ပြီး ဂိုးအောက်နဲ့ တွဲကစားစေချင်ပါတယ်။
◾စပါး Vs ဝက်စ်ဟမ်း
လန်ဒန်ဒါဘီပွဲစဥ်ဖြစ်သလို ရလဒ်ဆိုးတွေကနေ ဘယ်အသင်း ရုန်းထွက်ပြနိုင်မလဲ စောင့်ကြည့်ရမဲ့ ပွဲကောင်းတစ်ပွဲပါ။ စပါးက ဒဏ်ရာရကစားသမားတွေများနေသလို အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတာ တွေ့ရပါတယ်။ ဝက်စ်ဟမ်းအသင်းကလည်း ပရီးမီးယားလိဂ်မှာ နောက်ဆုံးဆယ်ပွဲဆက် နိုင်ပွဲပျောက်နေပြီး လေးပွဲသရေနဲ့ ခြောက်ပွဲရှုံးထားပါတယ်။ ဒီပွဲစဥ်မှာ စပါးအသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ စပါးအသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ် ပြင်းရှနေသလို ခံစစ်ညံံ့တဲ့ ဝက်စ်ဟမ်းအသင်း သေချာပေါက် ဂိုးပေးရမှာပါ။ ဝက်စ်ဟမ်းအသင်းက ခံစစ်အဆိုးဆုံးဖြစ်နေပေမဲ့ တိုက်စစ်ပိုင်းမှာ လူခေါ်ယူမှုတွေ လုပ်ထားသလို ဝက်စ်ဟမ်းအသင်းသာ တစ်ဂိုးရသွားရင် စပါးအသင်းအနေနဲ့ သုံးဂိုးပြန်သွင်းပြီး ကြေးအပြည့်အောင်ဖို့ ခက်မှာပါ။ ဒီပွဲမှာ နှစ်သင်းလုံး ဂိုးရသွားနိုင်တယ်လို့ ယူဆထားပြီး အပြန်အလှန်ဂိုးတွေနဲ့ သုံးဂိုးရောက်သွားနိုင်တာကြောင့် ဂိုးပေါ်ကို ကြိုက်ပါတယ်။
◾ဆန်းဒါးလန်း Vs ခရစ္စတယ်ပဲလေ့စ်
ပဲလေ့စ်အသင်း ခြေစွမ်းကျဆင်းနေတာကို တွေ့ရပြီး နောက်ဆုံးကိုးပွဲဆက် နိုင်ပွဲပျောက်နေပါတယ်။ ဆန်းဒါးလန်းကတော့ ယခုအချိန်ထိ အိမ်ကွင်းမရှုံးသေးသလို အာဖရိကဖလားပွဲက ပြန်လာတဲ့ ဆာဒီကီ ပါဝင်လာနိုင်တာကြောင့် ကွင်းလယ်ပိုင်း ပိုကောင်းလာနိုင်ပါတယ်။ ဒီပွဲစဥ်မှာ ဆန်းဒါးလန်းအသင်းက ဘော်ဒီကြေး ပြားသုံးဆယ်ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးလေးဆယ်အရှုံး ပေါက်ပါတယ်။ အိမ်ကွင်းဆိုရင် ဆန်းဒါးလန်းအသင်းက မာမာထန်ထန်ကစားတတ်ပြီး ခြေစွမ်းကျဆင်းနေတဲ့ ပဲလေ့စ်အသင်းကို ဒုက္ခကောင်းကောင်း ပေးလာနိုင်ပါတယ်။ ပဲလေ့စ်အသင်းရဲ့ နောက်တန်းမှာ ဂူဟီမပါနိုင်သလို ညာခြမ်းက မူနော့လည်း မပါနိုင်ချိန်မှာ ပဲလေ့စ်အသင်းရဲ့ ကစားဟန်က အနည်းငယ် အားနည်းလာတာကိုလည်း တွေ့ရပါတယ်။ ပဲလေ့စ် နည်းပြ ဂလက်စနာကလည်း ဇန်နဝါရီအပြောင်းအရွေ့မှာ အသင်းကထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်နေတယကြောင့် ပဲလေ့စ်အသင်းမှာ စည်းလုံးမှု အားနည်းနေပါတယ်။ ဆန်းဒါးလန်းကွင်းမှာတော့ မရှုံးနိုင်ဘူးလို့ ယူဆထားပြီး ပြားသုံးဆယ်နဲ့ ရင်းရမယ်လို့ ထင်တဲ့အတွက် ဆန်းဒါးလန်းအသင်းကိုပဲ ရွေးရမှာပါ။
◾လိဒ် Vs ဖူဟမ်
လိဒ်အသင်းက နောက်ဆုံးဆယ်ပွဲမှာ နယူးကာဆယ်တစ်သင်းတည်းကိုပဲ နောက်ကျဂိုးနဲ့ ရှုံးခဲ့ပြီး ကျန်တဲ့ပွဲတွေမှာ ခြေစွမ်းကောင်းခဲ့သလို ရလဒ်လည်း ကောင်းခဲ့ပါတယ်။ ဖူဟမ်အသင်းကလည်း နောက်ဆုံးခြောက်ပွဲဆက် မရှုံးထားဘဲ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ ကောင်းနေတာကြောင့် ခြေစွမ်းကောင်းနေတဲ့နှစ်သင်း ထိပ်တိုက်တွေ့နေတယ်လို့ ပြောလို့ရပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်လိဒ်အသင်းက ဘော်ဒီကြေး ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခုနစ်ဆယ်အရှုံး ပေါက်ပါတယ်။ နောက်ပိုင်းပွဲစဥ်တွေမှာ နှစ်သင်းလုံးရဲ့ တိုက်စစ်ပိုင်းက ဂိုးရနေတာကို တွေ့ရပြီး တိုက်စစ်ပိုင်းကောင်းနေကြတာကြောင့် အပြန်အလှန်ဂိုးတွေ မြင်ရမယ်လို့ ထင်ပါတယ်။ ဘော်ဒီကြေးဆိုရင်တော့ အောက်အသင်းဖြစ်တဲ့ ဖူဟမ်အသင်းကို ရွေးချယ်ပေးချင်ပြီး ဖူဟမ်အသင်းသာ တစ်ဂိုးရခဲ့ရင် အရှုံးမရှိနိုင်တဲ့ ရွေးချယ်မှုအဖြစ် ဂိုးပေါ်ကိုလည်း ကစားရမှာပါ။ ဒီအတွက်ကြောင့် အောက်အသင်း ဖူဟမ်ကို ရွေးချယ်ပေးချင်ပြီး ဂိုးပေါ်ကို တင်ကစားစေချင်ပါတယ်။
