၁၇.၁.၂၀၂၆
Written by Thiri
ပုပ်ပွကာ ရုပ်ပျက်နေပြီဖြစ်တဲ့ မွေးကင်းစမိန်းကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို မနက်အစောပိုင်းမြူတွေကျနေချိန် လမ်းဘေးလာရောက်စွန့်ပစ်သွားမှု ရွှေမှုစက်ဇုန် (၂) အတွင်းမှာ ဒီနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကနောင် နာကူ /ရှင်ကူအသင်းထံကနေ သိရပါတယ်။
စွန့်ပစ်ခံရတဲ့ ကလေးရုပ်အလောင်းက မိန်းကလေးဖြစ်ပြီး သေတာ ရက်နည်းငယ်ရှိပြီလို့ ခန့်မှန်းရကာ မျက်နှာမှာ ပျက်စီးပြုနေပြီလို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူကဆိုပါတယ်။



စွန့်ပစ်သွားသူတွေက CCTV ကနေ မြင်တွေ့ရတဲ့ပုံစံအရ နှစ်ဦးလို့ သိရပြီး အဝတ်အစားအရောင်လောက်သာ သိမြင်ရကာ မှောင်ရိပ်ကျနေချိန်နဲ့ မြူမကွဲချိန်ဖြစ်နေလို့ ကျား/မ လူလုံးမကွဲဘူးလို့ဆိုပါတယ်။
အဆိုပါ ကလေးငယ်ရုပ်အလောင်းကို ကနောင်လူမှုကူညီရေးအသင်းမှ ထုပ်ပိုးသယ်ယူကာ အင်းစိန်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကနောင် လူမှုကူညီရေးအသင်း
