၅. ၁. ၂၀၂၆
Written by Nyein Kyaw
မြန်မာ့ကုန်ထုတ်လုပ်မှု ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ထပ်မံကျဆင်းသွား၍ ယခု ၂၀၂၆ ခုနှစ်အတွင်း ထုတ်လုပ်ရေးတိုးပွားမှုအပေါ် မျှော်မှန်းချက်များ ကျဆင်းသွားမှုသည် ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလအတွင်း အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွက် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာ့ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ၅၁ ဒသမ ၄ ရှိခဲ့ရာမှ ဒီဇင်ဘာလတွင် ၅၀ ဒသမ ၆ သို့ ကျဆင်းခဲ့ပြီး လေးလအတွင်း အနည်းဆုံးဖြစ်ခဲ့သော်လည်း PMI အလယ်မှတ် ၅၀ အထက်တွင် ဆက်လက်ရှိနေခဲ့သည်။ ပစ္စည်းပေးသွင်းသူ၏ ပေးပို့ချိန်များ များပြားစွာ ပိုမိုရှည်ကြာခြင်းကြောင်း အဓိကဖြစ်ကြောင်း ဖော်ပြထားသည်။
အခြားအစိတ်အပိုင်းများဖြစ်ကြသော ထုတ်လုပ်ရေး၊ အမှာစာအသစ်များ၊ အလုပ်ခန့်အပ်မှုနှင့် ထည့်ကုန်ဝယ်ယူများ၏ လက်ကျန်ပစ္စည်းများ အားလုံးသည် ကျင်းဆင်းကြောင်း မှတ်တမ်းဝင်ခဲ့ပြီး ယခင် ရှိနှင့်ပြီးသား အားနည်းသည့် ဝယ်လိုအားနှင့် ထုတ်လုပ်ရေးအခြေအနေတို့ကို ညွှန်ပြနေကြောင်း ဖော်ပြထားသည်။
“သိသာတဲ့ ပစ္စည်းပေးပို့ချိန် ပိုမိုကြာရှည်မှု၊ မတည်မငြိမ်တဲ့ အလုပ်သမားဝေးကွက်နဲ့ ကုန်ပစ္စည်း ပြတ်လုပ်မှုတွေအပါအဝင် ထောက်ပံ့ရေးအပိုင်းမှ စိန်ခေါ်မှုများနဲ့အတူ အားနည်းတဲ့ဝယ်လိုအား အခြေအနေတွေက ကုမ္ပဏီတွေအတွက် လာမည့်နှစ်ကို စိန်ခေါ်မှုရှိတဲ့ နောက်ထပ် နှစ်တစ်နှစ်ဖြစ်စေပါတယ်။ အဲဒါကို ၁၂ လအတွင်း အနည်းဆုံးအထိ ကျဆင်းသွားတဲ့ ကဏ္ဍတစ်လျှောက် သဘောထားလည်း အထောက်အထားပြခဲ့ပါတယ်” ဟု S&P Global Market Intelligence ရှိ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်။
ထုတ်လုပ်ရေးကို ပံ့ပိုးပေးရန်အတွက် သိုမှီးထားမှုများကို အသုံးပြုခဲ့သောကြောင့် ထည့်ကုန်ဝယ်ယူမှုများ၏ လက်ကျန်ပစ္စည်းများသည် ခိုင်ခိုင်မာမာ ဆက်လက်ကျဆင်းခဲ့သည်။ ယခုအခါ လျော့ကျမှုများကို ၂၀၂၅ ခုနှစ် နောက်ဆုံး သုံးလပတ် တစ်လျှောက်လုံးတွင် လစဉ်အားဖြင့် တွေ့ရှိရသည်။
အဆုံးသတ်အားဖြင့် လာမည့် ၁၂ လ (တစ်နှစ်)အတွင်း ထုတ်လုပ်ရေးတိုးပွားမှုနှင့် စပ်လျဥ်း၍ လုပ်ငန်းများ၏ မျှော်မှန်းချက်များသည် ဒီဇင်ဘာလတွင် ဖြည်းဖြည်းချင်းကျဆင်းခဲ့ပြီး သဘောထားသည် တစ်နှစ်တာအတွင် အနိမ့်ဆုံးဖြစ်ခဲ့သည်။ အဖွဲ့ဝင်အားလုံးနီးပါသည် ၂၀၂၆ ခုနှစ်တွင် ထုတ်လုပ်ရေးအဆင့်များ မပြောင်းလဲဘဲ ဆက်ရှိနေမည်ဟု မျှော်မှန်းကြကြောင်း ယခင်ဒေတာများက ပြသခဲ့သည်။
