







၄. ၁. ၂၀၂၅
Photo by Nyein Kyaw
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့အတွင်း ကလေးအားကစားပွဲတော်များ ယနေ့ နံနက်ပိုင်းတွင် ကျင်းပလျက်ရှိသည်။
ယင်းကဲ့သို့ ကျင်းပနိုင်ရန်အတွက် သင်္ဃန်းကျွန်းမြို့နယ်အတွင်း တချို့သောရပ်ကွက်များရှိ ဈေးတန်းမိသားစုများက စုပေါင်းအလှူငွေများထည့်ဝင်ပြီး ကလေးငယ်များအတွက် အားကစားပွဲတော်များ ကျင်းပပေးသည်ကိုလည်း တွေ့ရှိရသည်။
လွတ်လပ်ရေးနေ့ အားကစားပွဲတော် ကျင်းပချိန်တိုင်း စိတ်ဓာတ်တက်ကြွစေရန် အမြဲဖွင့်လှစ်ပေးလေ့ရှိသည့် “အာရှမြန်မာ” သီချင်းကို အဆက်မပြတ် ဖွင့်ထားသလို ပရိသတ်များကလည်း “အားကစားမြှင့်တင်ခြင်းသည် နိုင်တော်ကို ကာကွယ်စောင့်ရှောက်လေခြင်းဖြစ်သည်” “မြန်မာ့အားကစားကမ္ဘာကို လွှမ်းရမည်” ဆိုသော သီချင်းစာသားများကို လိုက်ဆိုကာ အားပေးနေသည့် မြင်ကွင်းမှာ အေးချမ်းတည်ငြိမ်မှုရှိလာခြင်းနှင့်အတူ လမ်းမပေါ်များတွင် ပြန်လည်ပျံ့လွင့်လျက်ရှိသည်။
