◾️ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ကျော်ဟိန်း၊ လူမင်း၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ မို့မို့မြင့်အောင်၊ ရန်အောင်၊ မေသန်းနု၊ နေတိုး၊ ပြေတီဦး တို့အပါအဝင် ၂၈ ဦးအား စည်သူဘွဲ့ ချီးမြှင့်
◾ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်၊ ရွှေဘ၊ မြသန်းတင့် အပါအဝင် ၅၂ ဦးလည်း အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခံရ








၄. ၁. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတက နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူ၊ အကျိုးဆောင်သူများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် လူပုဂ္ဂိုလ် ၁၈၀ ကျော်အား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၂/ ၂၀၂၆) ဖြင့် ယနေ့တွင် ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ အပ်နှင်းရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဆိုင်းပညာရှင်များဖြစ်သည့် စိန်ဗိုလ်တင့်၊ စိန်စတင်း၊ သရုပ်ဆောင်များဖြစ်ကြသည့် ကြည်ကြည်ဌေး၊ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ကျော်ဟိန်း၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ မို့မို့မြင့်အောင်၊ ရန်အောင်၊ မေသန်းနု၊ နေတိုး၊ ပြေတီဦး၊ ဒါရိုက်တာများဖြစ်ကြသည့် ဦးသုခ၊ မောင်တင်ဦး၊ ဝိုင်းတို့အပါအဝင် လူပုဂ္ဂိုလ် ၂၈ ဦးအား စည်သူဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့အတူ စာရေးဆရာ/သတင်းစာဆရာကြီးများဖြစ်သည့် လူထုဦးလှ၊ လူထုဒေါ်အမာ၊ မြသန်းတင့်၊ သရုပ်ဆောင်များဖြစ်ကြသည့် ရွှေဘ၊ ဦးကျောက်လုံး၊ ခင်ယုမေ၊ ဒေစီကျော်လင်း၊ အံ့ကျော်၊ ဇော်ဝမ်း၊ နေအောင်၊ ခင်သီတာထွန်း၊ လွင်မိုး၊ မေသဥ္ဇာဦး၊ ထွန်းအိန္ဒြာဗို၊ လူမင်း၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်တို့အပါအဝင် လူပုဂ္ဂိုလ် ၅၂ ဦးကို အလင်္ကာကျော်စွာဘွဲ့များ ချီးမြှင့်ခဲ့သည်။
အလားတူ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် သီဟသူရဘွဲ့ ၂ ဦး၊ သူရဘွဲ့ ၁ ဦး၊ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် သီရိပျံချီဘွဲ့ ၄ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၃ ဦး၊ သိပ္ပံကျော်စွာဘွဲ့ ၇ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၅ ဦး၊ ရဲသူရိန်တံဆိပ် ၁ ဦး၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်) ၂၁ ဦး၊ စီမံထူးချွန်တံဆိပ် (ဒုတိယဆင့်) ၃၃ ဦး၊ စီမံထူးချွန်တံဆိပ် (တတိယဆင့်) ၁၄ ဦး၊ လူမူထူးချွန်း (ပထမဆင့်) ၃ ဦး၊ ဝန်ဆောင်မှုထူးချွန်တံဆိပ် (တတိယဆင့်) ၃ ဦး၊ ဝဇ္ဇာပညာထူးချွန်တံဆိပ် (ပထမဆင့်) ၂ ဦး၊ ဝဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) ၂ ဦး၊ ဆေးပညာထူးချွန်တံဆိပ် (ပထမဆင့်)၊ အနုပညာထူးချွန်တံဆိပ် (ပထမဆင့်) စာပေပညာထူးချွန်တံဆိပ် (ပထမဆင့်) တစ်ဦးစီ ပေးအပ်ချီးမြှင့်ခဲ့သည်။










အလားတူ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ပြည်တွင်း၊ပြည်ပ သာသနာပြု ဆရာတော်ကြီးများနှင့် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းနေသော လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူးဒါန်းအပ်နှင်းကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၆) ဖြင့် ယနေ့ ထုတ်ပြန်ထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတက အောက်ဖော်ပြပါ ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိ ဝန်ဆောင်စာချဆရာတော်များ၊ ဝိပဿနာဓုရပဋိပတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကများ ၊ ပြည်တွင်း၊ ပြည်ပသာသနာပြုပုဂ္ဂိုလ်များနှင့် ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းအပ်နှင်းလိုက်ခြင်းဖြစ်သည်။
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းအပ်နှင်းခံရသော ဆရာတော်ကြီးများနှင့် ပစ္စည်းလေးပါး ထောက်ပံ့လှူးဒါန်းသူများ ရရှိခဲ့သည့် ဘွဲ့တံဆိပ်များနှင့် အမည်များ၏ စာရင်းအား ပူးတွဲဖော်ပြပေးထားသည်။
