



၄.၁.၂၀၂၆
Written By Thandar
ယနေ့ လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက် လွတ်ငြိမ်းသက်သာခွင့်မှာတော့ အမျိုးသားထုကြီး စောင့်မျှော်နေတဲ့ နန်းမွေစံ ပြန်လည် လွတ်မြောက်လာပြီဖြစ်ပါတယ်။
သူ့မကတော့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က)နဲ့ တရားစွဲဆိုခံခဲ့ရတာလည်း ဖြစ်ပါတယ်။
“အန်တီ့ရဲ့ သမီးလေး ဒီနေ့ လွတ်ငြိမ်းချမ်းသာမှာ ပါလာပါပြီ။ ခုချိန်ထိ အင်းစိန်မှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်တဲ့သူတွေ အရမ်းများနေလို့ အန်တီ အပေါက်မှာ စောင့်နေတုန်းပါ သမီးရေ။ သမီး နန်းမွေ့စံ ဒီလွတ်ငြိမ်းမှာ တကယ်ပါလာပါပြီ”လို့ မော်ဒယ်လ် နန်းမွေစံရဲ့ မိခင်ဖြစ်သူက MT Entertainment ကို ပြောပါတယ်။
၇၈နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့မှာ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူပေါင်း ၆၁၃၄ ဦး နဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၅၂ ဦး လွတ်ငြိမ်းရခဲ့တာဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်လွတ်လပ်ရေးနေ့မှာ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ဟာ မြန်မာအမျိုးသမီးတွေ စောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံတွေနဲ့ Video တွေကို လူမှုကွန်ရက်မှာ အခကြေးငွေရယူပြီး ဖြန့်ဝေလျက်ရှိတယ်ဆိုတဲ့ စွဲချက်နဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားစွဲဆိုခံရတာလည်းဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ကတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း တရားရုံး၊ မရမ်းကုန်းမြို့နယ် တရားခွင်ကနေ ထောင်ဒဏ် ၅ နှစ်အမိန့် ချမှတ်ခံခဲ့ရသလို မော်ဒယ်လ် နန်းမွေစံကိုလည်း စစ်ခုံရုံးနဲ့ ထောင်ဒဏ် ၇ နှစ် အမိန့်ချခဲ့တာဖြစ်ပါတယ်။
