





၄ .၁ .၂၀၂၆
Phito by Thiri
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့မှာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်းဦးစီးဌာနကနေ ပြစ်ဒဏ်ကျ အကျဉ်းသားတချို့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတာကို မိသားစုဝင်တွေ လာရောက် ကြိုဆိုနေကြတဲ့ မြင်ကွင်းတချို့ ဖြစ်ပါတယ်။






လွတ်မြောက်လာသူတွေ မိသားစုနဲ့ ပြန်လည်ဆုံစည်းကြလို့ ပျော်ကြသလို လွတ်ငြိမ်းခွင့်ပါမလာတဲ့ မိသားစုဝင်တွေမှာလည်း မျက်ရည်တွေနဲ့ တွေ့မြင်ရပါတယ်။
မြန်မာနိုင်ငံအကျဥ်းထောင်အသီးသီးမှ အကျဥ်းသား၊ အကျဥ်းသူ ၆၁၄၃ ဦးကို ပြစ်ဒဏ်လျော့ပေါ့လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ အကျဥ်းစခန်း(၇) ခုမှ အကျဥ်းသား ၁၀၄၀ဦး၊ အကျဥ်းသူ ၁၉၄ ဦးတို့ လွတ်ငြိမ်းသက်သာခွင့်ရခဲ့ကြောင်းလည်း သိရပါတယ်။
