နေမိုး
၁၉. ၁၁. ၂၀၂၅
ယနေ့ မနက်ပိုင်းက တပ်မတော်သားနှစ်ဦးကို တွေ့၍ ပစ်သတ်လိုက်ရာမှ တစ်ဦးသေကာ တစ်ဦးဒဏ်ရာရသွားကြသည်ဟု ကျူးလွန်သည့် မြိုင်ပကဖ ယခုပင် ဝန်ခံချက်ထုတ်ပြန်သည်။
မြိုင်ပကဖသည် နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မြိုင်စက်မှု( ၂)မှ ဘေးပတ်ဝန်းကျင်တောတိုက်များအနီး တပ်မတော်သား ၂ ဦးအား ရိက္ခာများနှင့်အတူ တွေ့ရှိသဖြင့် ပစ်ခတ်သတ်ဖြတ်ရာ တစ်ဦးမှာနေရာတွင်ပွဲချင်းပြီး သေဆုံး၍ ကျန်တစ်ဦးဒဏ်ရာရရှိသွားသဖြင့် ဖမ်းဆီးဆေးကုသထားသည်ဟု ဆိုသည်။
ထို့အပြင် တပ်မတော်သားနှစ်ဦးထံမှ MA 1 ၁လက်နှင့် ကျည် ၄၇၃ တောင့်၊ ကျည်ဘောက် ၆ ခုနှင့် ကျန်အသုံးအဆောင်ပစ္စည်းများ လုယက်သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။ သေဆုံးဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးမှာ ပန်းတောင်းမြို့နယ်မှ ဦးကျော်ဝင်း၏ သားဖြစ်သူ ကိုအောင်ဆန်းဝင်းဖြစ်သည်ဟုလည်း သိမ်းယူထားသော မှတ်ပုံတင်ကို ဖော်ပြထားမှုအရ သိရသည်။
အထက်ပါ ကျူးလွန်မှုကို မြိုင်ပကဖ၊ Good Brothers တပ်ဖွဲ့ နှင့် အညာမြေတပ်ပေါင်းစုတို့က အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း မြိုင် ပကဖအဖွဲ့က ဝန်ခံထားသည်။





