◼ တရားခံတစ်ဦး ပြန်ဖမ်းမိသော်လည်း ကျန်သူများ လွတ်မြောက်နေ
၁၈. ၁၁. ၂၀၂၅
Translated by Thettant
ယနေ့ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ အရှေ့တောင်ပိုင်းရှိ Svay Rieng ပြည်နယ်၏ မြို့တော်ဖြစ်သည့် Svay Rieng မြို့ တရားရုံးမှ လက်နက်ကိုင်ထွက်ပြေးခဲ့သော အကျဉ်းသားအုပ်စုအား အမျိုးသမီးတစ်ဦးက သေနတ်တစ်လက် ပေးအပ်ခဲ့သည့် အဖြစ်အပျက်ကို ပြသထားသော ပြင်းထန်သော ဗီဒီယိုမှတ်တမ်းများ ထွက်ပေါ်လာသည်။
ပေါက်ကြားလာသော လုံခြုံရေး ဗီဒီယိုဖိုင်တစ်ခုတွင် တရားရုံး ကားပါကင်၌ ရဲကားတစ်စီးမှ ဆင်းလာသော ထိုရာဇဝတ်သားသည် အနီးနားတွင် ခေတ္တရပ်နေသော ဘေ့စ်ဘောဦးထုပ်ဆောင်းထားသည့် အမျိုးသမီးတစ်ဦးထံမှ လက်နက်ကို လှမ်းယူလိုက်သည့် အခိုက်အတန့်ကို ပြသနေသည်။




ထို့နောက် သူသည် ထိုလက်နက်ဖြင့် အရာရှိများကို ခြိမ်းခြောက်ကာ အကျဉ်းသားအုပ်စုနှင့်အတူ တရားရုံး၏ ဂိတ်ပေါက်မှ ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။
အွန်လိုင်းလောင်းကစားဂိုဏ်း၏ ခေါင်းဆောင်ဟု သံသယရှိရသော ထိုဗီယက်နမ်အကျဉ်းသားသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် Svay Rieng ပြည်နယ်တရားရုံးသို့ ခေါ်ဆောင်လာစဉ် သူ၏အပေါင်းအပါများက လွတ်မြောက်အောင် ကူညီပြီးနောက် ရဲများက လိုက်လံဖမ်းဆီးခဲ့သည်။
ထွက်ပြေးလွတ်မြောက်သည့်အဖွဲ့မှာ ၆ ဦးဖြစ်သည်ဟု သိရပြီး ထွက်ပြေးမှုဦးဆောင်သော အရေးပါသည့် ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမမိသေးသော်လည်း တရားခံတစ်ဦးကိုမူ ထွက်ပြေးစဥ် ကားက ရေထဲကျရာမှ ပြန်လည် ဖမ်းမိခဲ့သည်။
ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ၎င်းတို့သည် ထိုအဖွဲ့၏ ကားကို သိမ်းဆည်းရမိထားပြီး ကျန်ရှိသော အပေါင်းအပါများကို ဆက်လက် လိုက်လံရှာဖွေနေကြောင်း အတည်ပြုခဲ့သည်။
Ref: Khmer Times
