ပုံစာ။ အင်ကြင်းမြိုင်လေတပ်စခန်းနှင့် ဆည်တော်ကြီးကို MDY PDF သိမ်းခဲ့သော ၂၀၂၄ ဇူလိုင် ၂ ရက်က ထုတ်ပြန်ခဲ့သော ယခင်ပုံရိပ်။)
နေမိုး
၇. ၁၁. ၂၀၂၅
စစ်ရှုံးနေလို့ ဆုတ်ခွာပြေးနေရပြီး အပစ်အခတ်ရပ်စဲရေးပါ လက်မှတ်ထိုးနေရတဲ့ TNLA နဲ့ NUG ရဲ့ ဩဇာခံ မန္တလေး PDF (MDY- PDF) ထိန်းချုပ်ထားတဲ့ မတ္တရာအရှေ့ခြမ်းက အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ ဆည်တော်ကြီးရေလှောင်တမံကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ကနဦး သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာ MDY-PDF ဟာ TNLA လက်အောက်ခံအဖြစ်နဲ့ သပိတ်ကျင်း၊ စဉ့်ကူး၊ မန္တလေး စတဲ့မြို့တွေကို သိမ်းယူခဲ့ရာမှာ သပိတ်ကျင်းကို တပ်မတော်က ဇူလိုင် ၂၃ ရက်မှာ ပြန်လည်သိမ်းခဲ့တာကြောင့် MDY PDF ဟာ ဆုတ်ခွာထွက်ပြေးခဲ့ရသလို တပ်မတော်ရဲ့ ထိုးစစ်ကြောင့် ဖော့တောလမ်းဆုံအပါအဝင် အရေးပါတဲ့နေရာအမြောက်အများကို တပ်မတော်က ထိန်းချုပ်နိုင်ခဲ့တဲ့အပြင် အခု အောက်တိုဘာလအတွင်း ထိုးစစ်ဆင်ရာမှာ မတ္တရာမြိုနယ် အရှေ့ခြမ်းက MDY PDF ထိန်းချုပ်ထားတဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ ဆည်တော်ကြီးရေလှောင်တမံ အရေးကြီး နေရာနှစ်ခုကို မနေ့က ပြန်လည်သိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။
NUG နဲ့ PDF ထောက်ခံတဲ့ ပြည်ပရောက် မီဒီယာတချို့ ဖော်ပြချက်အရ နိုဝင်ဘာ ၆ ရက် မနက် ၁၁ နာရီခွဲလောက်မှာ တပ်မတော်က စစ်ကြောင်း သုံးကြောင်းနဲ့ နေရာကပ်လျက်တည်ရှိတဲ့ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းနဲ့ ဆည်တော်ကြီး ရေလှောင်တမံကို စစ်ကြောင်းထိုးဝင်လာချိန်မှာ MDY PDF နဲ့ PDF တပ်ပေါင်းစုက သုံးနာရီလောက် ခံတိုက်ပေမယ့် နောက်ဆုံးမှာတော့ အသေအပျောက်များစွာနဲ့ ဆုတ်ခွာပြေးကြလို့ တစ်နှစ်ကျော် လက်လွှတ်ထားရတဲ့ အရေးကြီးနေရာနှစ်ခုကို တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်နိုင်တာပါ။
နောင်ချို၊ သီပေါ စတဲ့ မြို့ကြီးတွေ ပြန်လည်လက်လွှတ်ရအပြီးမှာ အကြောက်လွန်နေတဲ့ TNLA က မိုးကုတ်နဲ့ မိုးမိတ်ကနေ ဆုတ်ခွာပေးမယ်လို့ ကြေညာထားပေမယ့် သူ့ဩဇာခံ MDY PDF နဲ့ NUG လက်အောက်ခံတပ်တွေဖြစ်ကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မိုးကုတ်ဗျူဟာ) Mogoke-PDF၊ မိုးကုတ်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(မိုးကုတ်-ပကဖ)၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ခံတွေအများစု ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်းတို့က တပ်မတော်ကို ခံတိုက်မယ်လို့ ထုတ်ပြန်ထားသလို ဒီလို ခံတိုက်မယ်ကြေညာထားပေမယ့် တပ်မတော်ထိုးစစ်ကို အကြောက်လွန်လို့ စဉ့်ကူးဘက် ကူးမလာအောင် ခက်ခက်ခဲခဲတည်ဆောက်ခဲ့ရတဲ့ ဧရာ၀တီမြစ်ကူးတံတားကြီးဖြစ်တဲ့ စဉ့်ကူး – ကျောက်မြောင်း ဧရာဝတီတံတား (ရတနာသိင်္ခတံတား)ကို အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းကလည်း ချိုးချဖျက်ဆီးခဲ့ပါသေးတယ်။
ဒါ့အပြင် ဆည်တော်ကြီးရေလှောင်တမံကို MDF PDF ထိန်းချုပ်လိုက်တာကြောင့် ဆည်ရေမလွှတ်တတ်လို့ စိုက်ပျိုးတောင်သူတွေ ဒုက္ခရောက်တာ၊ လျှပ်စစ်မီးပြတ်တောက်တာ၊ သုံးရေ ခက်ခဲတာကို ပြည်သူတွေက ခံစားခဲ့ရတဲ့ ဒီလို တစ်နှစ်ကျော်ဘေးဒုက္ခတွေဟာ MDY PDF နဲ့ PDF တွေ ထွက်ပြေးအပြီးမှာတော့ ဆည်တော်ကြီးရေ အမှီပြုနေရတဲ့ ပြည်သူတွေအဖို့ ပြန်လည်အဆင်ပြေလာတော့မှာဖြစ်ပါတယ်။





