၂၇.၁၀.၂၀၂၅
Written By Thandar
ကိုမျိုးကိုနဲ့ သရုပ်ဆောင် မေပန်းချီတို့ ချစ်သူနှစ်ဦးဟာ မွန်ရိုးရာဝတ်စုံလေးနဲ့ ရိုးရှင်းစွာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ Le Planteur Restaurant & Lounge မှာ ကျင်းပခဲ့ပါတယ်။
“ချစ်ရတဲ့ ကိုမျိုးကိုနဲ့ မပန်းချီတို့ ချစ်ဇနီးမောင်နှံ ယနေ့မှစ နှစ်တစ်ရာတိုင် ထာဝရပျော်ရွှင်စွာနဲ့ ပေါင်းဖက်နိုင်ကြပါစေ”လို့ သရုပ်ဆောင် ဇွဲနိုင်ဝင်းက ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အနုပညာမောင်နှမတွေဖြစ်ကြတဲ့ ဇွဲနိုင်ဝင်း၊ ဖြိုးရာဇာနိုင်၊ လပြည့်၊ အိချောပို၊ မေမီကိုကို၊ ခြူးစစ်ဟန်၊ သဇင်ထူးမြင့် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီပွဲမှာတော့ ရွှေဟင်္သာတွေကို ခြံရံပြီးတော့ ပွဲထွက်ပုံစံမျိုးလေးနဲ့ ရိုးရိုးရှင်းရှင်း မွန်ရိုးရာဝတ်စုံလေးနဲ့ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ မေပန်းချီရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲမှာ အခင်မင်ရဆုံးဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ အိချောပိုကတော့ အသိသက်သေနေရာမှာ ပါဝင်ကူညီခဲ့ပါတယ်။
#ကိုမျိုးကို #မေပန်းချီ #KoMyoKo #MayPanChe #ZweNaingWin #EiChawPo #MayMiKoKo #MyanmarActress #MyanmarCeleWedding









