၁၉. ၁၀. ၂၀၂၅
Translated by Thettant
ပြီးခဲ့သည့် စနေနေ့က ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်တွင် ဘတ်ငွေ ၁ ဒသမ ၆ သန်းခန့် တန်ဖိုးရှိ ရွှေဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ခဲ့သည်ဟု စွပ်စွဲခံထားရသော ကမ္ဘောဒီးယားအမျိုးသားတစ်ဦးကို တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ အရှေ့ပိုင်း ချန်သဘူရီပြည်နယ်၌ ဖမ်းဆီးရမိခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ လူဝင်မှုကြီးကြပ် ရေး ရဲတပ်ဖွဲ့ဝင်များသည် အသက် ၃၁ နှစ်ရှိ အောက်ချ်ယွန်းအား ထိုင်း- ကမ္ဘောဒီးယား နယ်စပ်အနီး ပေါင်နမ်ရွန်ခရိုင်ရှိ ဘန်လိမ်ဈေးတွင် တနင်္ဂနွေနေ့ နံနက် ၉ နာရီတွင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ တရားခံသည် ချန်သာဘူရီမှ ၎င်း၏ဇာတိနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ရန် ကြံစည်နေသည်ဟု ရဲတပ်ဖွဲ့က သံသယရှိခဲ့သည်။
အဆိုပါ ကမ္ဘောဒီးယားအမျိုးသားသည် ဘန်တေမိန်းချေပြည်နယ် ဇာတိဖြစ်သည်။ ၎င်းအား စမွတ်ပရာကန်၊ ဘန်ဆောက်ထောင်းခရိုင်ရှိ Lotus’s City Park စျေးဝယ်စင်တာတွင် ပင်ပေါင်ဗုံးအသုံးပြုပြီး စနေနေ့ မွန်းလွဲပိုင်းက ရွှေဆိုင်တစ်ဆိုင်အား ဓားပြတိုက်ခဲ့သူဟု ရဲတပ်ဖွဲ့က သံသယရှိသူအဖြစ် ဖော်ထုတ်ခဲ့သည်။
သို့သော်လည်း အဆိုပါအမျိုးသားသည် ဓားပြတိုက်အပြီး လွတ်မြောက်ရေးအတွက် စျေးဝယ်စင်တာမှ ထွက်ပြေးစဉ် တိုက်ရာပါ ဘတ်ငွေ ၁ ဒသမ ၆ သန်းခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးများအားလုံး ကျကျန်ခဲ့သဖြင့် မည်သည့်ပစ္စည်းမျှ ရယူသွားနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
Ref, Bangkok Post
