၁၆.၁၀.၂၀၂၅
Written By Thandar

“မြူနှင်းတို ထာဝရဝေ”ဇာတ်လမ်းတွဲမှာ ကေသီဆိုတဲ့ ဗန့်ကာရိုက်တာနဲ့ ပထမဆုံး ပါဝင်ထားတာမို့ ပရိသတ်တွေမုန်းရင်းနဲ့ ချစ်ပေးကြလို့တောင်းဆိုချင်တယ်လို့ သရုပ်ဆောင် အဲဝေသာက ပြောပါတယ်။
“ညီမကို မြူနှင်းတို့ ထာဝရဝေ ဇာတ်လမ်းတွဲမှာ ဗန့်ကာရိုက်တာနဲ့ ပရိသတ်တွေ မြင်တွေ့ရမှာပါ။ ရှေ့ဇာတ်ကားမှာ အန်တီသူဇာသက်အနေနဲ့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအနေနဲ့ ဒီကားမှာ ဆန့်ကျင်ဘက်ပေါ့နော်။ ကေသီဆိုတဲ့ ဗန့်ကာရိုက်တာမို့ ပရိသတ်တွေ မုန်းရင်းနဲ့ ချစ်ကြမယ်၊ ဆူကြမယ်လို့လည်း ထင်ပါတယ်။ ဒီဗန့်ကာရိုက်တာက ပထမဦးဆုံးစလုပ်ဖူးတာမို့ ရင်လည်းခုန်ပါတယ်။ ကိုယ်မလုပ်ဖူးတဲ့ ကာရိုက်တာတစ်ခုကို အရဲစွန့်ပြီးတော့ တစ်နိုင်ငံလုံးက မုန်းချင်လောက်အောင် ဆဲချင်လောက်အောင်ကို ကြိုးစားထားပါတယ်။ ပရိသတ်တွေက ဒီဇာတ်ကားကြည့်ပြီး မုန်းရင်းနဲ့ချစ်ပေးကြဖို့ တောင်းဆိုချင်ပါတယ် ”လို့ သရုပ်ဆောင် အဲဝေသာက MT Entertainment ကို ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဝတ္ထု ကလျာ(ဝိဇ္ဇာ/သိပ္ပံ)၊ ဇာတ်ညွှန်း ကျော်ကျော်ထွန်းနဲ့ ကျော်ရာဇာကို ဒါရိုက်တာ ကိုကိုဝင်းက သရုပ်ဆောင်တွေ ရှင်မွေလ၊ ဘုန်းရှိန်ခန့်၊ ယမုံမြင့်မြတ်၊ ဂရိတ်ချမ်း၊ သံစဉ်ဆည်းဆာ၊ အဲဝေသာ၊ ဟန်ထက်စံ၊ မှူးသီဟသူ၊ မင်းမြတ်သုခ၊ နေဝန်း၊ စိုးစံ၊ ထက်အောင်ထူး၊ ပိုးသားခင်ခင်၊ ခိုင်ဇင်သွယ်၊ ဧည့်သည်သရုပ်ဆောင် မုဏ်းနဲ့ နေရည်ဝင်းလဲ့၊ အကယ်ဒမီရဲအောင်၊ L နေနော်၊ အကယ်ဒမီ ချိုပြုံး၊ အကယ်ဒမီဝါဝါ အောင်၊ ဂွမ်းပုံကြီး၊ ဇင်မျိုး၊ ဇော်ဝင်းမောင်၊ ကလေးသရုပ်ဆောင် သွန်းနေလ၊ ဆုရတနာထိုက်၊ နန်းမေမြတ်နိုးနဲ့ အနုပညာရှင်ပေါင်းများစွာနဲ့ ရိုက်ကူးထားပါတယ်။
“မြူနှင်းတို ထာဝရဝေ”ဇာတ်လမ်းတွဲကို မနက်ဖြန် အောက်တိုဘာလ ၁၇ ရက် ည ၇ နာရီတိုင်းမှာ စတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသပေးမှာဖြစ်ပါတယ်။
