၁၂. ၁၀. ၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ လမ်းသစ်လမ်းရှိ မြင််မိုရ်တည်းခိုခန်းတွင် အောက်တိုဘာလ ၁၁ ရက် ည ၇ နာရီ မိနစ်၂၀ ခန့်ကမီးလောင်မှုဖြစ်ပွားခဲ့ရာ ဘုရားခန်းအတွင်း မီးအားမြှင့်စက် အသုံးပြုရာမှ စက်ချို့ယွင်း၍ Overload ဖြစ်ကာ မီးပွားထွက်၍ အနီးရှိ အဝတ်အထည်များပေါ်သို့ မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။






မီးလောင်မှုကြောင့် အလျား ၂၆ ပေ၊ အနံ ၂၀၆ ပေရှိ သွပ်မိုး၊ အုတ်ညှပ် သုံးထပ်တည်းခိုခန်းရှိ ဒုတိယထပ်နှင့်တတိယထပ်မှ အခန်း ၉ ခန်းနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မိနစ် ၅၀ ကျော်ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၇ စီး၊ ရေသယ်ယာဥ် ၈ စီး၊ အထောက်အကူပြုယာဥ် ၂ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးနှင့် သန္ဓေ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၁ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
တည်းခိုခန်းမီးလောင်မှုကြောင့် အသက် ၃၆ နှစ်အရွယ် မန်နေဂျာအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
