





၈.၁၀.၂၀၂၅
Written By Thandar
“Royal-D ရဲ့ ၅၂၈ ချစ်ခြင်းမေတ္တာ ရွှေဆွဲပြား ၅၂၈ ပြားနဲ့ Royal-D ဘူးပေါင်းများစွာ” မေတ္တာတုံ့ပြန်အစီအစဉ်ကို အောက်တိုဘာလ ၇ ရက် နံနက်က ရန်ကုန်မြို့ရှိ မြန်မာပလာဇာ Promotion Area မှာစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။
“ပိုးတို့ရဲ့ ဒီ Royal-D ရဲ့ ၅၂၈ ချစ်ခြင်းမေတ္တာရွှေဆွဲပြား ၅၂၈ ပြားတွေကို Royal-D ဘူးတွေ ဝယ်သောက်ရင်းနဲ့ ကံစမ်းခွင့်တွေ အများကြီးရတာမို့ အရမ်းလည်း ဝမ်းသာရပါတယ်။ နှစ်ပေါင်းများစွာအားပေးလာကြတဲ့ စားသုံးသူ မိဘပြည်သူတွေ ချစ်ခင်မှု၊ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို လေးစားတန်ဖိုးထားပြီးတော့မေတ္တာတုံ့ပြန်တဲ့အနေနဲ့ ချစ်ခြင်းမေတ္တာ သင်္ကေတ ၅၂၈ ဆိုတဲ့အတိုင်း “ရွှေဆွဲပြား ၅၂၈ပြားကို ပေး အပ်တာပါ။ ခုလည်း ပိုးတို့လက်ရှိမြန်မာပလာဇာပွဲမှာ လာဝယ်သောက်ရင်း ကံစမ်းမဲပေါက်သွားကြတဲ့ သူတွေတွေ့ရတာပျော်မိပါတယ်။ ဒီပွဲ ကျင်းပတဲ့ရည်ရွယ်ချက်လေးက ကောင်းပါတယ်”လို့ သရုပ်ဆောင် ပိုးမမှီသာက ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အလင်းရောင်၊ ပိုးမမှီသာ၊ ဗီတာမင်နဲ့ ဇော်ရှိုင်းထက်တို့အပြင် တခြားအနုပညာရှင်တွေဖြစ်တဲ့ အုပ်စိုးခန့်၊ သဇင်ထူးမြင့်၊ Celebrityနဲ့ Social Influencer များစွာတက်ရောက်ပြီး အဆိုတော်တွေဖြစ်တဲ့ ဖြိုးပြည့်စုံနဲ့ အိုင်ရင်းဇင်မာမြင့်တို့က တေးသီချင်းတွေဖျော်ဖြေတင်ဆက်ကာ အခမ်းအနားမှူးအနေနဲ့ MC ဇေယျဆောင်ရွက်ပေးခဲ့ပါတယ်။
Royal-D က သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်နဲ့ စပျစ်ဘူးတွေကို ဘူးတွေရဲ့အဖုံးအတွင်းမှ ကံစမ်းမဲတံဆိပ်တွေထည့်သွင်းပေးထားတာလည်းဖြစ်ပါတယ်။ ရွှေဆွဲပြားမေတ္တာလက်ဆောင်ဆု ဆွတ်ခူးသူ ၂၈ ဦး ပေါ်ထွက်လာခဲ့ပြီး ပွဲအတွင်းမှာလည်း ရွှေဆွဲပြားဆုရှင် ၄ ဦး ပေါ်ထွက်လာသူတွေကို နိုင်ငံကျော်အနုပညာရှင်တွေက ရွှေဆွဲပြားဆုမေတ္တာ လက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဒါ့ပြင်မန္တလေးမြို့ရှိ Mingalar Mandalay မှာ အောက်တိုဘာလ ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၂ ရက် ဆက်တိုက် Royal-Dရဲ့ ၅၂၈ ချစ်ခြင်းမေတ္တာရွှေဆွဲပြား ၅၂၈ ပြားနဲ့ Royal-D ဘူးပေါင်းများစွာ” မေတ္တာတုံ့ပြန်ပွဲကို ဆက်လက်ကျင်းပသွားမှာလည်းဖြစ်ပါတယ်။
