၅. ၁၀. ၂၀၂၅
Written by MMAK





မနေ့က စနေညမှာ ခုနစ်ပွဲ ရွေးချယ်ပေးခဲ့ရာမှာ တစ်ပွဲရှုံး တစ်ပွဲသရေနဲ့ ငါးပွဲအနိုင်ရခဲ့ပြီး အနိုင်ရလဒ် အပေါင်းထွက်ခဲ့သလို ဒီနေ့ တနင်္ဂနွေညမှာလည်း ဘရန့်ဖို့နဲ့ မန်စီးတီးပွဲ အပါအဝင် ပွဲစဥ်ကောင်းများစွာကို ရွေးချယ်သုံးသပ်ပေးလိုက်ပါတယ်။
◾အက်စတွန်ဗီလာ Vs ဘန်လေ
ဗီလာအသင်းက နောက်ဆုံးသုံးပွဲဆက်အနိုင်နဲ့အတူ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပြီး ခြေစွမ်းအကောင်းဘက်ကို ရောက်ရှိနေပါတယ်။ ဘန်လေအသင်းက နောက်ဆုံးငါးပွဲမှာ လေးပွဲရှုံးပြီး တစ်ပွဲသာ သရေရထားသလို တန်းတက်အသင်းတွေထဲမှာ အဆိုးဆုံးခြေစွမ်းနဲ့ ခံစစ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီပွဲမှာ ဗီလာအသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ပေါက်ပါတယ်။ နိုင်ပွဲရဖို့အပ်နေတဲ့ ဗီလာအသင်းအတွက် ဘန်လေနဲ့လာတွေ့တာဟာ သေချာပေါက်အနိုင်သုံးမှတ်ယူရမဲ့ အခွင့်အရေးတစ်ခုလို့ မြင်ပါတယ်။ ဘန်လေက အဝေးကွင်းသုံးပွဲကစားပြီးချိန်မှာ သုံးပွဲလုံးရှုံးခဲ့ပြီး ခံစစ်က ၁၁ ဂိုးတောင် ပေးခဲ့ရတာကြောင့် ဒီပွဲမှာလည်း သွင်းဂိုးတွေ ထပ်ပေးရဖို့ ရှိနေပါတယ်။ ဘော်ဒီကြေး တစ်လုံးသုံးဆယ်စားနဲ့ ဂိုးပေါင်းကြေးအရဆို ဒီလိုကြေးတွေက အပေါ်စုံ အောင်ဖို့ခက်သလို စုံကျတာမျိုးတောင် ဖြစ်သွားနိုင်တဲ့ ပေါက်ကြေးမျိုးတွေလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ခြေစွမ်းကောင်းစပြုလာတဲ့ ဗီလာအသင်းက အနိုင်ရအောင် ကြိုးစားလာမှာဖြစ်ပြီး ဒီပွဲမှာ အထက်ကြေးတစ်ခုတော့ အောင်သွားမယ်လို့ ထင်ပါတယ်။ အထက်ကြေးတစ်ခုကို ရွေးရမယ်ဆိုရင်တော့ အိမ်ရှင်ဗီလာအသင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
◾နယူးကာဆယ် Vs နော်တင်ဟန်ဖောရက်
နယူးကာဆယ်က ပရီးမီးယားလိဂ်ခြောက်ပွဲ ကစားပြီးချိန်မှာ တစ်ပွဲသာအနိုင်ရထားပြီး သုံးပွဲသရေ နှစ်ပွဲရှုံးထားပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဖောရက်အသင်းကတော့ နည်းပြပိုစတီဂလူ ကိုင်တွယ်ပြီးနောက်ပိုင်း ခြောက်ပွဲကစားပြီးချိန်မှာ နှစ်ပွဲသရေ လေးပွဲရှုံးနဲ့ နိုင်ပွဲလုံးဝ မရထားပါဘူး။ ဒီပွဲစဥ်မှာ နယူးအသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ နယူးကာဆယ်ရဲ့ ဘော်ဒီကြေးက ပြင်းရှနေတယ်လို့ ပြောလို့ရပြီး ခြေစွမ်းကျဆင်းနေတဲ့ ဖောရက်ကြောင့် ကြေးပြင်းနေတာ ဖြစ်နိုင်ပါတယ်။ နိုင်ပွဲရဖို့လိုအပ်နေသလို တိုက်စစ်အသားပေးကစားတတ်တဲ့ ပိုစတီဂလူကြောင့် ဖောရက်အသင်းဂိုးရမယ်လို့ ယူဆထားပြီး ကြေးပြင်းတဲ့ နယူးကလည်း သေချာပေါက် ဂိုးရမယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ နှစ်သင်းလုံး နိုင်ပွဲရဖို့ ကြိုးစားလာနိုင်ပြီး အရှုံးအနိုင်အဖြေပေါ်အောင် ကစားလာနိုင်တာကြောင့် အပြန်အလှန်ဂိုးတွေမြင်ရနိုင်ပါတယ်။ ကြေးပြင်းတဲ့နယူးဘော်ဒီကို အနည်းငယ်ကြိုက်ပေမဲ့ ဂိုးပေါ်က ပိုစိတ်ချရမယ်ထင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾အဲဗာတန် Vs ခရစ္စတယ်ပဲလေ့စ်
ပဲလေ့စ်အသင်းရဲ့ ခြေစွမ်းကတော့ လုံးဝလက်ဖျားခါလောက်အောင် ကောင်းနေပြီး ပဲ့ကိုင်ရှင် နည်းပြအိုလီဗာဂလက်စနာကိုလည်း ချီးချူးမှုတွေ မြင်တွေ့နေရပါတယ်။ အဲဗာတန်အသင်းကလည်း ဒီရာသီမှာ ခြေစွမ်းကောင်းတော့ ကောင်းတယ် ပဲလေ့စ်လောက်တော့ မကောင်းပါဘူး။ ဒီပွဲစဥ်မှာ အဲဗာတန်အသင်းက ဘော်ဒီကြေးပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးငါးဆယ်အရှုံးပေါက်ပါတယ်။ ပဲလေ့စ်က ဒီပွဲနိုင်လိုက်ရင် ရမှတ် ၁၅ မှတ်နဲ့ အဆင့်နှစ်အထိ ရောက်ရှိသွားမှာဖြစ်ပြီး အနိုင်ရသွားမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ပဲလေ့စ်ခံစစ်က ခြောက်ပွဲကစားပြီးချိန်မှာ သုံးဂိုးပဲပေးထားရသလို အဲဗာတန်အသင်းကလည်း တစ်ပွဲတစ်ဂိုးနှုန်းပဲ ပေးထားရပါတယ်။ ခံစစ်ကောင်းတဲ့နှစ်သင်းဖြစ်တာကြောင့် ဂိုးပေါင်းကြေး လျော့ကျနေတာဖြစ်ပြီး ဂိုးအောက်ဖြစ်ဖို့ ရာခိုင်နှုန်းများတာကြောင့် ဂိုးပေါင်းအောက်တစ်ခုတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဝုဗ် Vs ဘရိုက်တန်
ဝုဗ်အသင်းက ခြောက်ပွဲကစားပြီးချိန်မှာ ငါးပွဲရှုံး တစ်ပွဲသရေနဲ့ တစ်မှတ်သာ ရထားပြီး ပေးဂိုး ၁၃ ဂိုးအထိ ရှိထားပါတယ်။ ဘရိုက်တန်အသင်းက လက်ရှိအချိန်မှာ ခြေစွမ်းကောင်းနေသလို ရလဒ်လည်း ကောင်းနေတာ တွေ့ရပေမဲ့ ဒီပွဲမှာ ဘော်ဒီကြေး ပြားခုနှစ်ဆယ်သာပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်နေပါတယ်။ မန်စီးတီးနဲ့ချဲလ်ဆီးကိုအနိုင်ရပြီး စပါးအသင်းကို သရေကစားနိုင်ခဲ့တဲ့ ဘရိုက်တန်အသင်းအနေနဲ့ ဝုဗ်ကို ဒီကြေးပေးတာဟာ နိုင်ကြေးမဟုတ်ပါဘူး။ ဘရိုက်တန်အနေနဲ့ ဇယားအောက်ဆုံးက ဝုဗ်အသင်းကို ဒီကြေးပေးတာဟာ အရမ်းပျော့နေပါတယ်။ ဒီပေါက်ကြေးအရဆို ဘရိုက်တန်အသင်းအနေနဲ့ အပေါ်စုံအောင်စရာ မရှိဘဲ အောက်ကြေးတစ်ခုတော့ သေချာပေါက် ပြန်စားနိုင်ပြီး အောက်စုံတောင် အနိုင်ရသွားနိုင်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဝုဗ်အသင်း သရေလောက် ရသွားနိုင်သလို ဂိုးအောက်ကိုလည်း ကြိုက်ပါတယ်။
◾ဘရန့်ဖို့ Vs မန်စီးတီး
ဘရန့်ဖို့အသင်းက နည်းပြအသစ်နဲ့ ကစားသမားကောင်းတွေ ထုတ်ရောင်းထားတယ်ဆိုပေမဲ့ အရမ်းကြီး မညံ့နေသလို အိမ်ကွင်းသုံးပွဲမှာ နှစ်ပွဲနိုင် တစ်ပွဲသရေဖြစ်ထားတာကြောင့် အိမ်ကွင်းရှုံးပွဲ မရှိသေးပါဘူး။ မန်စီးတီးအသင်းကလည်း ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရဆဲ ဖြစ်သလို ဘရန့်ဖို့အသင်းနဲ့ နောက်ဆုံးတွေ့ဆုံမှု လေးပွဲမှာ တစ်ပွဲဘဲ ဂိုးပြတ်နိုင်ထားပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ပေါက်ပါတယ်။ မန်စီးတီးအသင်းက တစ်ဂိုးနဲ့အနိုင်ရတာနဲ့ ပြားနှစ်ဆယ်လောက် အနိုင်ရမယ်ဆိုတဲ့ ပေါက်ကြေးက အနည်းငယ်ပျော့ပါတယ်။ ဘရန့်ဖို့အသင်းကလည်း ခြေစွမ်းအရမ်းကောင်းနေတာမျိုး မဟုတ်တာကြောင့် တစ်လုံးသုံးဆယ်အရှုံးလောက် ပေးရင်ကို မန်စီးတီးအသင်း အနိုင်ရသွားနိုင်တဲ့ ပေါက်ကြေးလို့ ပြောရမှာ ဖြစ်ပေမဲ့ ဒီပေါက်ကြေးမှာတော့ မန်စီးတီးအသင်း နိုင်ခဲ့ရင်လည်း တစ်ဂိုးထက်ပိုမယ် မထင်ပါဘူး။ ဘရန့်ဖို့အသင်းက အိမ်ကွင်းကစားအားကောင်းသလို မန်စီးတီးအသင်းကို ရှိန်မနေဘဲ ကစားလာနိုင်တာကြောင့် မန်စီးတီးအသင်း ခက်ခက်ခဲခဲ ကစားရနိုင်ပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းအနေနဲ့ နိုင်ခဲ့ရင်တောင် တစ်ဂိုးထက်မပိုဘူးလို့ ယူဆထားတာကြောင့် အိမ်ရှင်ဘရန့်ဖို့အသင်းကို ကြိုက်ပါတယ်။
