




၁.၁၀.၂၀၂၅
Written By Thandar
ဝါကျွတ်မှာ မင်္ဂလာဆောင်မယ့် ချစ်သူမောင်နှံတွေအတွက် ParkRoyal Yangon နဲ့ Blessed Entertainment တို့က ပူးပေါင်းစီစဉ်တင်ဆက်ထားတဲ့ “EVERLASTING LOVE” Wedding Fair Event ကို လာမယ့် အောက်တိုဘာလ ၄ ရက်နဲ့ ၅ ရက် နံနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ နှစ်ရက်တိုင်တိုင်ကျင်းပမှာဖြစ်ပါတယ်။
နာမည်ကြီး အနုပညာရှင်တွေနဲ့ အတူ ကျင်းပမယ့် အကြောင်း အဆိုပါ စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ParkRoyal Hotel ရှိ Yadanar Grand Ballroom မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်မတို့က ParkRoyal Hotel မင်္ဂလာပွဲဖြစ်ဖြစ်၊ စုလျားရစ်ပတ် လက်မှတ်ရေးထိုးဖို့ပဲဖြစ်ဖြစ်၊ Dinner ပဲရှိရှိ ဘယ်လိုအခမ်းအနားမျိုးပဲဖြစ်ဖြစ် Discount အနေနဲ့ Up to 20 အထိ အစီအစဉ်လေးတွေလည်းရှိပါတယ်။ အမျိုးအစားပေါင်းများစွာကိုလည်း Plan တွေရော ရွေးချယ်နိုင်တယ်။ နောက် လီဆူးလူမျိုးတွေရဲ့ ဝတ်စုံ၊ မင်္ဂလာမောင်နှံတွေအနေနဲ့ စိတ်ကြိုက်ရွေးချယ်နိုင်သလို Location ကလည်း အရမ်းအဆင်ပြေတာမို့ ပွဲနေ့မှာ Specialist ချိတ်ဆက်နိုင်တာမို့ လာကြဖို့ဖိတ်ခေါ်ချင်ပါတယ်”လို့ ParkRoyal Hotel က တာဝန်ရှိသူက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ နာမည်ကြီးအနုပညာရှင်တွေကို Bridal Show မှာ Designer တွေဖြစ်တဲ့ စည်သူဝင်း၊ မေကျော်စိုး၊ ဥက္ကာ (Couture Bridal)၊ ဇေမီ(Lisu Traditional Dress)၊ ဝေယံလင်း၊ ရဲထက်အောင်စတဲ့သူတွေ၊ Makeup Artist တွေက အလှဆုံးပြင်ဆင်ပေးပြီး ဖက်ရှင်ဒီဇိုင်းနဲ့ Show Round နဲ့အတူချပြပေးသွားမှာဖြစ်ပါတယ်။
