၁. ၁၀. ၂၀၂၅
Written by Nay Moe
TNLA နယ်မြေလုယက်သိမ်းယူထားသော်လည်း မကြာမီ လက်လွှတ်ရတော့မည်ဖြစ်သည့် ကျောက်မဲမြို့တွင် အမျိုးသား ၂ ဦးသည် မြေမြှုပ်မိုင်းကို နင်းမိခဲ့သောကြောင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု TNLA က ယခုဝန်ခံလာသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ဦးကိုဦးဆိုသူသည် မီးသင်္ဂြိုဟ်ပြီးသောရုပ်အလောင်း၏ ပြာများကို အနောက်ဘက်သို့ သွားစွန့်ပစ်ရာမှ မိုင်းတစ်လုံးကို နင်းမိပြီး သေဆုံးသွားခဲ့သည်ဟုလည်း TNLA ၏ ဝန်ခံချက်တွင် ဖော်ပြထားသည်။


အလားတူ လူငယ်တစ်ဦးလည်း ထို စက်တင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီအချိန်တွင်ပင် သုသာန်ကွင်းပြင်၌ နွားသွားရှာနေစဉ် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ကျောက်မဲမြို့တွင် အမျိုးသား ၂ ဦးသည် ဆိုင်ကယ်ဖြင့် အိမ်တွင်ကျန်နေခဲ့သည့် မြေသြဇာများကို သွားယူနေစဉ် လမ်းမပေါ်ရှိ မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်ဟု TNLA က ဝန်ခံထားသည်။
